DVB Logo
Home
မြန်မာသတင်း
သရက်ထောင်မှ နိုင်ကျဉ်းတဦး ထွက်ပြေးသွားသဖြင့် ထောင်ပိုင်အပါအဝင် ၄ ဦးအရေးယူခံရ
DVB
·
October 25, 2022
သရက်ထောင်မှ နိုင်ကျဉ်းတဦး ထွက်ပြေးသွားသဖြင့် ထောင်ပိုင်အပါအဝင် ၄ ဦးအရေးယူခံရ
Donate to DVB

မကွေးတိုင်း၊ သရက်ထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတဦး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ထောင်ပိုင်ကြီးအပါအဝင် လေးဦးကို ခုံအဖွဲ့ဖွဲ့စစ်ဆေးပြီး အရေးယူလိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့တလကျော်က အဲဒီထောင်က ထောင်သားနှစ်ဦး ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ တဦး ဖမ်းမိပြီး နောက်တဦးက ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။  

အဲဒီလို ထောင်သားထွက်ပြေးလွတ်မြောက်သွားတဲ့သတင်းကို အကျဥ်းဦးစီးဌာနက ဖုံးဖိထားခဲ့ပြီး တာဝန်ရှိတဲ့ထောင်ပိုင်၊ ဒုထောင်ပိုင်နဲ့ ကျန်အရာရှိနှစ်ဦးတို့ကို ခုံအဖွဲ့ဖွဲ့စစ်ဆေးခဲ့တာလို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက “အစစ်ခံရတဲ့သူတွေကို အရပ်ဘက်ပြောင်းလိုက်တာ။ ဒီ ရက်ပိုင်းလေးမှာပဲ။ အရေးယူခံရတာ။ တခြားအရေးယူတာမျိုးတော့ မကြားဘူး။ အခုလူအသစ်တွေ အစားထိုးထားတယ်” လို့ ပြောပါတယ်။ 

စစ်အာဏာသိမ်းကာလအတွင်း တခြားအကျဥ်းထောင်တချို့မှာလည်း ထောင်သားတွေ ထောက်ဖောက်ပြေးမှုတွေ ရှိခဲ့တာကြောင့် အကျဥ်းထောင်တွေကို လုံခြုံရေးပိုမိုတင်းကျပ်နေတယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့အပတ်က အင်းစိန်ထောင်ပေါက်ကွဲမှု ဖြစ်စဥ်ကြောင့် ထောင်အားလုံး ထောင်ဝင်စာတွေ့တာတွေ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013