DVB Logo
Home
နိုင်ငံတကာ
ကုလ အကြီးအကဲနှင့် ဆီးရီးယားသမ္မတတို့ တွေ့ဆုံ
DVB
·
July 26, 2026
Photo: Photo: Syrian presidency.
Photo: Photo: Syrian presidency.
Donate to DVB

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဇူလိုင် ၂၅ ရက်မှာ ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်စ်မြို့တော်က ပြည်သူ့နန်းတော်မှာ ဆီးရီးယားသမ္မတ အာမက် အယ်လ်-ရှာရာနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂူတာရက်စ်ဟာ ဒမတ်စကတ်စ်မြို့တော်က ဥမာယာဒ် ဗလီဟောင်းဆီလည်း သွားခဲ့ပြီး ဗလီရဲ့ ဧည့်သည်မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ သူပုန်တွေက ဆီးရီးယားခေါင်းဆောင်ဟောင်း ဘတ်ရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့စစ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ 

အဲဒီနောက် အစ္စလာမ်မစ်ခေါင်းဆောင်မှုနဲ့ အုပ်ချုပ်တဲ့ အသွင်ကူးပြောင်းရေးကာလကို စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ဆီးရီးယားအတွက် ဂူတာရက်စ်ရဲ့ ခရီးစဉ်က နောက်ထပ်မှတ်တိုင်တခု ဖြစ်လာပါတယ်။ 

အာဆတ်လက်အောက်က ဆီးရီးယား အာဏာရှင်စနစ် အဆုံးသတ်ခြင်းဟာ ဒေသတွင်းအတွက် မျှော်လင့်ချက်လက္ခဏာတရပ်အဖြစ် ဂူတာရက်စ်က ဖော်ပြခဲ့ပါတယ်။ 

အာမက် အယ်လ်-ရှာရာဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ ပိတ်ဆို့မှုတွေအောက်မှာရှိနေတဲ့ ဆီးရီးယားနိုင်ငံထဲက အယ်လ်ကေဒါတွေနဲ့ ဆက်နွှယ်နေတဲ့ အကြီးအကဲဟောင်းပါ။ 

ကုလသမဂ္ဂအကြီးအကဲဟာ အစိုးရအရာရှိတွေ၊ ဆီးရီးယား အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဖို့ မျှော်လင့်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013