DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် နေအိမ်တလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
October 17, 2022
ကလေးမြို့တွင် နေအိမ်တလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဘဲအင်းရပ်ကွက်က ဒေသခံနေအိမ်တလုံးကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ ည ၉ နာရီခွဲ‌ကျော်က မီးရှို့ ဖျက်ဆီးသွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါမိသားစုဝင်တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိသားစုလိုက် တိမ်းရှောင်နေကြရတာပါ။

ဘဲအင်းရပ်ကွက်က ဒေသခံတဦးက “ကံထူးအောင်ကို စစ်ကောင်စီတပ်သားတွေက ‌အသေရရ အရှင်ရရ လိုချင်နေကြတာ။ ညကြီး ရုတ်တရက် ခြေလျင်တွေနဲ့ အင်အားအများကြီး လာကြတာ။ အရင်ဆုံး သေနတ်တွေ ဖောက်ကြတာ။ သေနတ်ဖောက်ပြီးနောက် အိမ်ကို မီးရှို့သွားတာ။ အိမ်နားပတ်ဝန်းကျင်ကို မီးငြှိမ်းသတ်ရဲ သတ်ကြည့်ဆိုပြီး ခြိမ်းခြောက်အော်ဟစ်သွားသေးတယ်။ မီးက အိမ်တခြမ်းတော့ လောင်ကျွမ်းသွားတယ်။ မြို့ထဲဆိုတော့ အိမ်ခြေစိတ်တော့ မီးကူးမှာ ကြောက်နေကြရတာ။ တရပ်ကွက်လုံး ညက ကြောက်လို့ မအိပ်ကြရဘူး။ မီးက သူတို့ဘာသာသူတို့ ငြှိမ်းသွားတာနဲ့ တူတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

မြို့ထဲက နေအိမ်တွေကိုတော့ စစ်ကောင်စီအနေနဲ့ မီးမရှို့သင့်ကြောင်း၊ မြို့မှာက အိမ်ခြေစိတ်တော့ မီးကူးနိုင်ခြေ‌များကြောင်း ကလေး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါဘဲအင်းရပ်ကွက်မှာ စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီက‌ ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွားပြီး ၁၀ ယောက်ကျော် ပြန်လွတ်လာပြီလည်း ဖြစ်ပါတယ်။

ကလေးမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံအိမ်ခြေ ၂၀၀၀ ကျော် မီးလောင် ဆုံးရှုံးထားပါသေးတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်ပိုင်ရှင် မိသားစုကို ဒီဗွီဘီက ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ အဲဒီနေအိမ်မီးရှို့ဖျက်ဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013