
အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသား မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတစ်ယောက်ကို အောက်တိုဘာ ၁၅ ရက်က ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အိုင်ဇော်လ်မြို့မှာ ကာလလပေါက်ဈေး ရူပီး ၅ သိန်းကျော် တန်ဖိုးရှိတဲ့ ဆပ်ပြာဘူး တဘူးစာ ဘိန်းဖြူ ၁၀ ဂရမ်နဲ့အတူ မြန်မာနိုင်ငံသား တဦးကို ဖမ်းဆီးရမိခဲ့တာလို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ကသ တင်းထုတ်ပြန်ထားပါတယ်။
ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးခံရတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားဟာ ကလေးမြို့နယ်၊ ပျဉ်းခုံကြီးရွာသားတယောက် ဖြစ်ပြီး သူ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ နိုင်ငံခြားသားအမှုတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာ နေ့စဉ်နဲ့အမျှ နေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု မြင့်တက်လာပြီး ဖမ်းဆီခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား အများစုလည်း ပါဝင်နေပါတယ်။
မြန်မာဘက်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရမှုကြောင့် မီဇိုရမ်ပြည်နယ်ကို လာရောက်စစ်ဘေးတိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသား ၄၀၀၀၀ ကျော် ရှိနေပါတယ်။