DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူ ၃ ဦးနှင့် အရပ်သား ၂ ဦးကို စစ်ကောင်စီက လက်နက်မှုဖြင့် စွပ်စွဲ
DVB
·
October 14, 2022
မောင်တောတွင် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူ ၃ ဦးနှင့် အရပ်သား ၂ ဦးကို စစ်ကောင်စီက လက်နက်မှုဖြင့် စွပ်စွဲ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်၊ ကျေးရွာတာဝန်ခံတယောက်နဲံ  အရပ်သား နှစ်ယောက်တို့ကို စစ်ကောင်စီက မောင်တောမြို့နယ်တရားရုံးမှာ အောက်တိုဘာ ၁၃ ရက်က လက်နက်အရေးပေါ်စီမံမှုဥပဒေ ၂/၁(က) နဲ့ ချုပ်ရမန်ကြီး ၂ ပတ် ရယူထားကြောင်း သူတို့ရဲ့ရှေ့နေတွေက ပြောပါတယ်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အရပ်သားတွေကို စစ်ကောင်စီက ဖမ်ဆီးထားကာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ပြီး ၂ လ​ကျော်ကြာတဲ့အထိ တရားစွဲတင်နိုင်ခြင်းမရှိဘဲ အခုမှ လက်နက်မှုနဲ့ စွပ်စွဲ လိုက်တာဖြစ်ပါတယ်။

ဒီအမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေက “မြို့နယ်တရားရုံးမှာ ပုဒ်မ ၄ ခုနဲ့ တရားစွဲတယ်။ ချုပ်ရမန် ၄ ကြိမ်ပြည့်သွားတယ်။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိတော့ တရားစွဲမတင်နိုင်ခဲ့တော့ အခု ခရိုင်တရားရုံးမှာ လက်နက်မှုနဲ့ ချုပ်ရမန် ၂ ပတ် ရယူထားတာ။”လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီကား တစီးကို အေအေက မိုင်းခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မသင်္ကာမှုနဲ့ ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုကိုအောင် (ခ) ဘုန်းကံနိုင်၊ တရိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း (ခ) ဇာလီ၊ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သားတွေဖြစ်ကြတဲ့ ဦးထွန်းရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ဟာ ဖမ်းဆီး အမှုဖွင့်ခံကြရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတဲ့ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းဟာ ဖမ်းဆီးခံရတဲ့နေ့မှ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှု၊ ၃၀၇ လူသတ်ရန်ကြံရွယ်မှု၊ ၃၂၆ ထိခိုက်နာကျင်စေမှု၊ ၁၁၄ ပူးပေါင်းပါဝင်မှုတွေနဲ့ မောင်တောမြို့နယ်တရားရုံးမှာ အမှုဖွင့်လှစ်ကာ ဥပဒေအရ ချုပ်ရမန် ၂၈ ရက်အထိ ရယူပြီး တရားစွဲတင်နိုင်ခြင်း မရှိတဲ့တွက် အခုတဖန် လက်နက်အရေးပေါ်စီမံမှုဥပဒေ ၂/၁(က) နဲ့ မောင်တောခရိုင်တရားရုံးမှာ ချုပ်ရမန်ကြီး ၂ ပတ် ရယူထားတာလည်း ဖြစ်ပါတယ်။

ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင် (ခ) ဘုန်းကံနိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်အမက “သူတို့လုပ်ချင်သလို လုပ်နေကြတာပါ။ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်တယ်။ သက်သေမခိုင်လုံတော့ တရားမစွဲနိုင်ဘူး။ တရားမစွဲနိုင်တော့ နောက်ပုဒ်မတခုတပ်ပြီး ဖမ်းဆီးထားတယ်။ တရားဥပဒေဆိုတာ အမှန်တရားမရှိတော့ဘူး။ တရားသူကြီးလည်း အမှန်အတိုင်း မလုပ်ရဲတော့ဘူး။ သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်ကြရမှာ။ ထောင်ချခိုင်းရင် ထောင်ချပေးရမှာ။ အမှန်တရားဆိုတာ ဘာမှမရှိတော့ဘူး” လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်က စစ်ကောင်စီကားတစီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အယောက် ၂၀ ကျဆုံးပြီး ၁၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013