DVB Logo
Home
မြန်မာသတင်း
ကလေး PDF က အိမ်လွမ်းသူအတွက် Gun တလက် Challenge စတင်
DVB
·
October 5, 2022
ကလေး PDF က အိမ်လွမ်းသူအတွက် Gun တလက် Challenge စတင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ရင်း-၂ က “အိမ်လွမ်းသူအတွက် Gun တလက်” ဆိုတဲ့ခေါင်းစဉ်နဲ့ တပ်ရင်းရဲ့ ပထမဆုံး Challenge ကို စတင်ပြုလုပ်လိုက်ပါတယ်။

အဆိုပါ Challenge ကို အောက်တိုဘာ ၁ ရက်က‌‌နေ ၂၁ ရက်အထိ ရက်ပေါင်း ၂၁ ရက်အတွင်း AK တလက်နဲ့ ကျည်ကာ ၁၀ ခုအတွက် သိန်း ၁၅၀ ပြည့်တဲ့အထိ ခေါ်ယူသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကလေး PDF တပ်ရင်း-၂ တာဝန်ခံက “တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးရဲဘော်တွေရဲ့ အိမ်ကိုလွမ်းနေတဲ့စိတ်တွေဟာ ပိုတိုးလာခဲ့ပါပြီ။ အခုလိုကာလမှာတော့ အိမ်လွမ်းတဲ့စိတ်တွေဟာ ပိုတိုးလာခဲ့တာပေါ့ဗျာ။ ကျနော်တို့ တပ်ရင်း-၂ အနေနဲ့ အိမ်ကိုလွမ်းနေတဲ့ ရဲဘော်တွေရဲ့ လွမ်းစိတ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့ ‘အိမ်လွမ်းသူအတွက် Gun တလက်’ ဆိုတဲ့ တပ်ရင်းရဲ့ ပထမဆုံး challenge မှာ အားဖြည့်ကူညီပေးဖို့ အားလုံးကို တိုက်တွန်းပါရစေဗျ” လို့ ပြောပါတယ်။

ဆက်လက်ပြီး “လှူဒါန်းပေးလိုသော ပြည်တွင်းက မိဘပြည်သူများအနေနဲ့ ကလေး PDF အမှတ်-၂ တပ်ရင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ပါဝင်လှူဒါန်းနိုင်ပြီး ပြည်သူသာလျှင် အဓိကမို့ ပြည်တွင်းပြည်ပက မိဘပြည်သူတွေအနေနဲ့ project ပြည့်မီအောင် လှူဒါန်း‌ပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်း” သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013