DVB Logo
Home
မြန်မာသတင်း
ကလေး PDF တပ်ရင်း ၇ ၏ AK ကျည် 5000 Challenge ၆၀ ရာခိုင်းနှုန်းကျော် ရထား
DVB
·
August 24, 2022
ကလေး PDF တပ်ရင်း ၇ ၏ AK ကျည် 5000 Challenge ၆၀ ရာခိုင်းနှုန်းကျော် ရထား
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အ‌ခြေစိုက်၊ က‌လေး PDF တပ်ရင်း ၇ က တိုက်ပွဲမှာ အသုံးပြုဖို့ AK ကျည် 5000 Challenge ကို ပြုလုပ်ထားရာမှာ ၆၀ ရာခိုင်နှုန်းကျော် ရရှိထားပြီလို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ Challengeကို ဩဂုတ် ၁ ရက်ကနေ ဩဂုတ်လကုန်အထိ ပြုလုပ်ထားတာလို့ ဆိုပါတယ်။

ကလေး PDF ရဲဘော်တဦးက “AK ကျည် ၁ တောင့်ရဲ့ တန်ဖိုးမှာ မြန်မာငွေ ၁ သောင်းကျပ်အထိရှိပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင်သလောက် အားဖြည့် ပါဝင်လှူဒါန်းပေးကြဖို့ အထူးပင် မေတ္တာရပ်ခံအပ်ပါတယ်။ ဆက်လက်ပြီး AK ကျည် ၅၀၀၀ ပြည့်မီအောင် လှူဒါန်းပေးကြပါအုံး” လို့ တိုက်တွန်းထားပါတယ်။

ကလေးမြို့နယ်မှာ လတ်တလော တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်နဲ့ ဝေးရာမှာ နေထိုင်ကြဖို့၊ ကလေး-ဂန့်ဂေါ လမ်းကြောင်းကို အသုံးမပြုကြဖို့လည်း ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013