DVB Logo
Home
မြန်မာသတင်း
ရွှေတုံး၊ ရွှေခဲများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်ဟု စစ်ကောင်စီ ကြေညာ
DVB
·
September 29, 2022
ရွှေတုံး၊ ရွှေခဲများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်ဟု စစ်ကောင်စီ ကြေညာ
Donate to DVB

ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ   ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို   စျေးပြိုင်တင်ဒါလေလံစနစ်နဲ့  စက်တင်ဘာ ၂၉ ရက်က စတင် ရောင်းချပေးမယ်လို့ စစ်ကောင်စီက အသိပေး ကြေညာထားပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်နဲ့ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ရှိတဲ့ Star Mart Mandalay တို့မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို  စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီကနေ ၃ နာရီအတွင်း သယံဇာတနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမယ်လို့ဆိုပါတယ်။

ဝယ်ယူလိုသူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ တင်ဒါပုံစံဖြည့်စွက်ပြီး စျေးပြိုင်တင်ဒါစနစ်နဲ့ဝယ်ယူရ မှာဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ မြန့်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော် ရုံးချုပ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)နဲ့  မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံးတို့မှာ အသေးစိတ် စုံစမ်းနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီအစီအစဉ်နဲ့ပက်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း အသိပေး ကြေညာထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့  ရွှေဈေးနှုန်း မြင့်တက်နေတာကို ထိန်းညှိဖို့  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရွှေဒင်္ဂါးပြားတွေကိုလည်း ထုတ်ရောင်းပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မြန်မာ့အခေါက်ရွှေစျေးဟာ စက်တင်ဘာ ၂၈ ရက်မှာ တကျပ်သားကို ၂,၅၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး တရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံကျဆင်းခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တွေရဲ့ စျေးနှုန်းဖော်ပြချက်အရ  စက်တင်ဘာ ၂၇ ရက်က အခေါက်ရွှေတကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်မှာ စျေးပိတ်ခဲ့ပြီး နောက်တနေ့ နေ့ညနေပိုင်းမှာတော့ တကျပ်သားကို ၂၆ သိန်းအောက်ထိ ပြန်လည်ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ရွှေစျေးနဲ့ ပြင်ပဒေါ်လာပေါက်စျေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013