DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီက လေကြောင်းမှပစ်ခတ်ပြီး တပ်ရိက္ခာများချပေး
DVB
·
September 22, 2022
ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီက လေကြောင်းမှပစ်ခတ်ပြီး တပ်ရိက္ခာများချပေး
Donate to DVB

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ပြီး တပ်အတွက် စားနပ်ရိက္ခာတွေကို လေယာဉ်ပေါ်ကနေ ပစ်ချခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က တောင်ငူလေတပ်စခန်းကနေ ထွက်ခွာလာတဲ့ Mi-17 Military Transport Helicopter ၁ စီးနဲ့ Mi-35 Attack Helicopter ၁ စင်းဟာ နယ်မြေကျော်ဝင်ရောက်ပြီး ထိုးစစ်ဆင်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စားရိက္ခာထုပ် ၉ ထုပ် လာရောက်ပစ်ချပေးခဲ့ပါတယ်။

အဆိုပါနေ့ ညနေ ၄ နာရီခွဲလောက်မှာ လေကြောင်းကနေ လေယာဉ် ၁ စီး လာရောက်ခဲ့သလို ထပ်မံပြီး ညနေ ၅ နာရီလောက်မှာ နောက်ထပ်လေယာဉ် ၂ စီးနဲ့ မိနစ် ၃၀ ကျော်ကြာ ကင်းထောက်ပျံသန်းတာတွေ လုပ်ဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက်က ကျောက်ကြီးမြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ လေယာဉ် ၂ စီးနဲ့ လာရောက်ကာ ကင်းထောက်ပျံသန်းခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဃိုးလူကျေးရွာအတွင်းကို လေကြောင်းကနေ ၃ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်က တပ်မဟာ ၅ နယ်မြေဘက်ကနေ စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်တဲ့ စစ်ကြောင်းဟာ ကျောက်ကြီးမြို့နယ်အတွင်းကို ပြန်ဆင်းလာပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သလို စက်တင်ဘာ ၁၇ ရက်က ကား ၆ စီးနဲ့အတူ လူအင်အား ၅၀ ကျော် ထပ်မံဖြည့်တင်းပြီးနောက် သံဆိပ်မင်းလမ်းကျေးရွာကနေ ဘောကထာကျေးရွာအထိ လမ်းလုံခြုံရေးအတွက် ချထားခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက် ၅ နာရီခွဲလောက်က ရှေ့တန်းထိုးစစ်ဆင်ဖို့အတွက် ဘောကထာတပ်စခန်းကို ကား ၉ စီးနဲ့အတူ လူအင်အား ၁၅၀ လောက် ထပ်မံအင်အားဖြည့်တင်းဖို့ ရောက်ရှိလာပြီး ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်ကစတင်ပြီး ကေအန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီက နယ်မြေကျော် ထိုးစစ်ဆင် ဝင်ရောက်လာခဲ့တဲ့အတွက် ဒီကနေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၆,၀၀၀ ကျော် ရှိခဲ့ရာက စက်တင်ဘာ ၁ ရက်ကစပြီး ၁၄ ရက်နေ့အထိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် ထပ်တိုးလာလို့ ၁၇,၀၀၀ ကျော်လာပါတယ်။ 

မုန်းမြို့နယ်အတွင်းမှာတော့ ဒီနှစ် ဇူလိုင်လအထိ စစ်ဘေးရှောင်ပြည်သူ ၁၂,၀၀၀ ကျော် ရှိခဲ့ရာက စက်တင်ဘာ ၁၃ ရက်နေ့အထိ ၆,၀၀၀ ကျော် ထပ်တိုးလာတဲ့အတွက် ၁၈,၀၀၀ ကျော်အထိ ရှိလာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013