DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံပဋိပက္ခကြောင့် မီဇိုရမ်တွင် မှောင်ခိုလုပ်ငန်းများပြားလာ
DVB
·
September 21, 2022
မြန်မာနိုင်ငံပဋိပက္ခကြောင့် မီဇိုရမ်တွင် မှောင်ခိုလုပ်ငန်းများပြားလာ
Donate to DVB

မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေကြောင့် အိန္ဒိယနယ်စပ် မီဇိုရမ်ဒေသအတွင်းမှာ မှောင်ခိုလုပ်ငန်းတွေ ပိုမိုများပြားလာပြီး ရှားပါးတိရိစ္ဆာန်တွေအပါအဝင် မှောင်ခိုပစ္စည်းနဲ့ မူးယစ်ဆေးဝါး သိမ်းဆည်းရရှိမှုတွေလည်းပိုမိုများပြားလာတယ်လို့ မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းက မြန်မာနဲ့နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်း ပြည်တွင်းအကောက်ခွန်ဌာနနဲ့ ပြည်နယ်ရဲဌာနတွေကနေ သိမ်းဆည်းရရှိတဲ့ ဘိန်းဖြူပမာဏဟာ ၃၄ ဒသုမ ၅၂ ကီလိုဂရမ်ရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ပြည့်နှစ် အတွင်း ဖမ်းဆီးရရှိခဲ့တဲ့ ၂၀ ဒသမ ၃၆ ကီလိုဂရမ်ထက် များပြားလာခဲ့တာဖြစ်ပါတယ်။

အခုနှစ်အတွင်းမှာလည်း ဇန်နဝါရီလကနေ မေလအတွင်းဖမ်းဆီးရရှိခဲ့တဲ့ ဘိန်းဖြူအလေးချိန် ၁၉ ဒသမ ၈၁ ကီလိုဂရမ်ရှိခဲ့ပြီး မှောင်ခိုပစ္စည်းလက်ဝယ်တွေ့ရှိမှုနဲ့ လူပေါင်း ၃၇၄ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးချိန်ကစလို့ တရားမဝင်မှောင်ခိုကူသန်းရောင်းဝယ်နေတဲ့ မူးယစ်ဆေးဝါး၊ ရှားပါးတောရိုင်းတိရိစ္ဆာန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ဖမ်းမိတာ ပိုမိုများပြားလာကြောင်းကို ပြည်တွင်းအခွန်နဲ့ မူးယစ်နှိမ်နင်းရေးဌာနက အမည်မဖော်လိုတဲ့ အရာရှိတစ်ယောက်ကလည်း ထောက်ခံပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို မူးယစ်ဆေး၊ အထူးသဖြင့် ဘိန်းဖြူမှောင်ခိုခိုးသွင်းမှုတွေ ပိုများလာတာသံသယဖြစ်စရာမရှိကြောင်းနဲ့ မှောင်ခိုကူးသန်းရောင်းဝယ်မှုနဲ့ ဖမ်းမိသူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါသလို မှောင်ခိုလုပ်ငန်းတွေရဲ့ အဓိကတရားခံကိုဖမ်းမိနိုင်ဖို့ အာဏာပိုင်အဖွဲ့တွေက ကြိုးစားနေကြတယ်လို့ သူကပြောပါတယ်။

“လက်ရှိမတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံသားတွေက အလုပ်မရှိ၊ ဝင်ငွေ အတည်တကျမရှိနဲ့ဆိုတော့ မှောင်ခိုလုပ်ငန်းဘက်ကို လှည့်လာကြတော့တာပဲ။ မူးယစ်ဆေးမှောင်ခိုတွေကလည်း ဘယ်လောက်တောင်များလာသလဲဆိုရင် ဈေးကအရင်ကထက် တစ်ဝက်လောက်တောင်ကျသွားတယ်” လို့လည်း သူကပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ထဲမှာ ၁၂ ယောက်ရှိခဲ့ပါတယ်။ အခုနှစ် ၂၀၂၂ ခုနှစ်မှာတော့ ဩဂုတ်လအထိ ၃၅ ယောက်ဖမ်းမိခဲ့ပြီး အဲဒီထဲက ၃ ယောက်ကတော့ ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူဖြစ်တယ်လို့ဆိုပါတယ်။

မူးယစ်မှောင်ခိုကူးမှုတွေ များပြားလာတာကြောင့် မီဇိုလူငယ်များအစည်းအရုံးဗဟိုကော်မတီကနေ မူးယစ်နှိမ်နင်းရေးအထူးတပ်ဖွဲ့တစ်ခု စက်တင်ဘာလ ၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

Ref- The Hindu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013