DVB Logo
Home
မြန်မာသတင်း
အချက်အလက်မမှန်ကန်သည့် ဆင်းမ်ကတ်များကို ပိတ်ပစ်မည်ဟု စစ်ကောင်စီ သတိပေး
DVB
·
September 20, 2022
အချက်အလက်မမှန်ကန်သည့် ဆင်းမ်ကတ်များကို ပိတ်ပစ်မည်ဟု စစ်ကောင်စီ သတိပေး
Donate to DVB

အချက်အလက်တွေ မှန်မှန်ကန်ကန် မဖြည့်ထားတဲ့ ဖုန်းဆင်းမ်ကတ်တွေကို အပြီးပိတ်ပစ်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ 

ပိတ်သိမ်းခံရတဲ့ ဖုန်းဆင်းမ်ကတ်တွေရဲ့ လက်ကျန်ငွေတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

သုံးစွဲသူတွေအနေနဲ့ ဆင်းမ်ကတ်ဝယ်ယူအသုံးပြုရာမှာ  အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြည့်စွက် မှတ်ပုံတင်သုံးစွဲဖို့၊ လက်ရှိအသုံးပြုနေတဲ့ ဆင်မ်းကတ်တွေကိုလည်း အချက်အလက် မှန်မှန်ကန်ကန် မှတ်ပုံတင်ထားတာ ရှိ/မရှိ ပြန်လည်စစ်ဆေးပြီး မှန်ကန်တဲ့ အချက်အလက်နဲ့ အချိန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ဖို့ကိုလည်း အဲဒီ ဌာနက  တိုက်တွန်းထားပါတယ်။ 

သုံးစွဲသူတွေက ဆင်းမ်ကတ် မှတ်ပုံတင်ရာမှာ ဖြည့်စွက်ထားတဲ့အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက e-ID Database  အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ပြီး အချက်အလက် မမှန်ကန်တဲ့ ဆင်းမ်ကတ်တွေကို စိစစ်တွေ့ရှိရင် အပြီးပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဆင်းမ်ကတ်ရောင်းချရာမှာဖြစ်စေ၊ မှန်ကန်တဲ့ အချက်အလက်နဲ့ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာမှာဖြစ်စေ  ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျ ဆောင်ရွက်ဖို့ ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ဆင်းမ်ကတ် ရောင်းချသူတွေကိုလည်း ညွှန်ကြားထားပါတယ်။

မလိုက်နာဘူးဆိုရင် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။ မကြာသေးခင်ကလည်း  ကိုယ်ရေးအချက်အလက်တွေ ပြည့်ပြည့်စုံစုံမရှိတဲ့၊ မမှန်ကန်တဲ့ မိုဘိုင်းလ်ငွေကြေးစာရင်းတွေကို ပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သတိပေး ထုတ်ပြန်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013