DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာ နယ်ခြားစောင့်တပ်စခန်းကို အေအေ သိမ်းပိုက်
DVB
·
September 16, 2022
မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာ နယ်ခြားစောင့်တပ်စခန်းကို အေအေ သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ရေးအရ အရေးပါတဲ့ မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က စက်တင်ဘာ ၁၅  ရက် ညနေက တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။

မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းကို မနေ့ ညနေ ၅ နာရီလောက်မှာ  အေအေတပ်ဖွဲ့ဝင်တွေက ဒုတိယ အကြိမ်​ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ၅ နာရီကျော်လောက်မှာ သိမ်းပိုက်ရရှိခဲ့ပြီး စခန်းကို မီးရှို့လိုက်ပြီဖြစ်ကြောင်းနဲ့  တိုက်ပွဲမှာ ထိခိုက်ကျဆုံးတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ မီးတိုက်ကျေးရွာသားတဦးက ပြောပါတယ်။

"ဟုတ်ပါတယ်။ ကျေးရွာစခန်းကို ဒုတိယအကြိမ်ဝင်တိုက်ပြီး သိမ်းပိုက်မီးရှို့ခဲ့ကြတယ်။ ပထမ အကြိမ်တိုက်တုန်းက နယ်ခြားစောင့် ၁၃ ဦးကျဆုံးခဲ့တယ်လို့သိရတယ်။”

ပြီးခဲတဲ့ စက်တင်ဘာ ၉ ရက်ကလည်း ရက္ခိုင်တပ်တော် အေအေက အင်အားအလုံးအရင်းနဲ့ မီးတိုက်ကျေးရွာစခန်းကို ဝင်တိုက်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်  ၁၃ ဦးကျဆုံးခဲ့ပြီး အခုတဖန် ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာပါ။

တိုက်ပွဲကြောင့် ရွာသူရွာသားတွေကတော့ ရွာအရှေ့မှာရှိတဲ့ ရွာသစ်ကိုထွက်ပြေးနေကြရပြီး နယ်ခြားစောင့်စခန်းကျသွားပြီးနောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလာမှာကို စိုးရိမ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က မောင်တောဒေသအား ကုန်းလမ်း၊ရေးလမ်းများ အားလုံး ဖြတ်တောက်ထားပြီး စစ်အင်အား အလုံးအရင်းတိုးချလာကာ လေကြောင်းကနေ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဒါ့ကြောင့် အေအေအနေနဲ့ စခန်းငယ်တွေကို လက်ဦးမှုရယူ တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်တယ်လို့ ဒေသခံ စစ်ရေးလေ့လာသူက ပြောပါတယ်။

"မီးတိုက်ကျေးရွာစခန်းကို ပထအကြိမ်ကတည်းက အပြတ်သိမ်းခဲ့လို့ရနိုင်တယ်။ ရွာနဲ့ နီးကပ်နေတော့ လေကြောင်းက ဗုံးကြဲလာရင် ကျေရွာပျက်စီးမယ်။ ဒါကြောင့် မသိမ်းခဲ့တာ ဖြစ်နိုင်တယ်။ ကြိမ်းချောင်း-ဂုပ္ပီး တောင်ကျော်လမ်းက ကြိမ်ချောင်ဗျူဟာ ကာကင်း ခမရ (၃၅၂) တပ်စခန်းကို သွားသိမ်းလိုက်တာ။ အခုလည်း မီးတိုက်ကို အတိုက်ပြပြီးနောက် ဘယ်စခန်းကို သိမ်းမလဲမပြောနိုင်ဘူး။ ဒါကသူတို့ရဲ့ စစ်ဗျူဟာလေ။ ဗျူဟာရေးဆွဲတာက အေအေကို စစ်ကောင်စီ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး။ အဲဒါကနယ်ကျွမ်းကျင်မှုပေါ့။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က ခမရ(၃၅၂)တပ်စခန်းကို အေအေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေ  အများအပြားရခဲ့သလို  စစ်သုံ့ပန်း  ၄ ယောက်လည်း ဖမ်းဆီးရမိခဲ့ပါတယ်။

ခမရ(၃၅၂)တပ်စခန်း သိမ်းပိုက်ခံရပြီးနောက်  စခန်းအနီးတဝိုက်သာမက ‌လူနေကျေးတွေအနားကိုပါ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ့ပါ။

လက်ရှိမှာလည်း မီးတိုက်ကျေးရွာဘက်ကို  တောင်ပြိုဗျူဟာနဲ့  နခခ ၇ တို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013