DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် မူးယစ်ဆေးဝါးရောင်းချသူ ၃ ဦးကို AA ရဲတပ်ဖွဲ့က ဖမ်းဆီး
DVB
·
June 13, 2026
Photo: AA/ဒီလပ်
Photo: AA/ဒီလပ်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မူးယစ်ဆေးဝါးရောင်းချနေတဲ့ အမျိုးသား ၃ ‌ယောက်ကို အာရက္ခတပ်တော် AA ရဲ့ ရဲတပ်ဖွဲ့ ဒီလပ်က ဖမ်ဆီးအရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ရွာက အသက် ၃၈ နှစ်အရွယ် ဦးအောင်အောင်၊ အသက် ၅၂ နှစ်အရွယ် ဦးဘိုကြီး(ခ)မောင်မောင်မြင့် နဲ့ ငပလီမြို့၊ မြပြင် ၆ ရပ်ကွက်က အသက် ၂၆ နှစ်အရွယ် ကိုညီညီ(ခ) ကိုစစ်သွေးညီ တို့ဖြစ်တယ်လို့ သိရပါတယ်။

ဇွန် ၁၀ ရက်နေ့က ကာလတန်ဖိုး သိန်း ၂၀၀ ကျော်ရှိတဲ့ ICE(ခေါ်) မက်သ်အဖက်တမင် မူးယစ်ဆေးဝါးတွေနဲ့အတူ သုံးစွဲရောင်းချသူ ၃ ယောက်ကို အာရက္ခတပ်တပ်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန ဒီလပ်က သတင်းအရ လိုက်လံရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“၃ ယောက်ကို တရက်တည်း ဖမ်းမိတာ။ ၂ ယောက်က သံတွဲ၊ ရွှေကျောင်းပြင်က၊ ကျန်တဲ့တယောက်က ငပလီက။ အခုတော့ အမှုဖွင့်ထားပြီ” လို့ ပြောပါတယ်။

ICE အလေးချိန် ၃၂၂ ဂရမ်ကျော်၊ ဖမ်းမိခဲ့တာဖြစ်ပြီး ကာလပေါက်ဈေး ငွေကျပ် ၂၃၃ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

ငပလီဒေသခံ အမျိုးသမီးတယောက်ကလည်း ရခိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတွေများလာပြီး အသက်မပြည့်သေးတဲ့သူတွေပါ သုံးစွဲမှုများလာတဲ့အတွက် ရောင်းချသူတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“လူငယ် လူလတ် သက်ကြီး အရွယ်သုံးပါးစလုံး သုံးနေကြတာလို့ ပြောလို့ရတယ်။ ရောင်းတဲ့သူသာမရှိရင် ဝယ်တဲ့သူရှိမှာမဟုတ်ဘူး။ ရောင်းတဲ့သူတွေကို အရင်ဆုံးဖမ်းပြီး ထိထိရောက်ရောက် အရေးယူသင့်တယ်။ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်တာတွေကိုလည်း ပိုပြီး တင်းကျပ်စွာ စစ်ဆေးသင့်တယ်”

ဖမ်းဆီးထားတဲ့သူတွေကို သံတွဲခရိုင် တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန ဒီလပ်က မယပ ၂/၂၀၂၆ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ (၁၉)(က)၊ ၂၀(က)၊(၂၁)တို့ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013