DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရွာလုံခြုံရေးအဖွဲ့ဝင် ၅ ဦး သေဆုံး
DVB
·
September 13, 2022
ဘုတလင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရွာလုံခြုံရေးအဖွဲ့ဝင် ၅ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ တက်လိုင်းရွာမှာ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၄ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင် ၅ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့ဘက်ကနေ ည ၁ နာရီလောက် ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ခုလို ပစ်သတ်သွားတာလို့ တက်လိုင်းရွာသားတဦးက ပြောပါတယ်။

“ကျမတို့မှာ ညတောင်ကောင်းကောင်းမအိပ်ရတဲ့ ဘဝတွေပါ အကိုရယ်။ အခုလည်း ဘုတလင်ဘက်ကနေ စစ်ကောင်စီတပ်‌ ခြေလျင်လာပြီလို့ သတင်းကြားတာနဲ့ပဲ ပြစ်တောဘက် ထွက်ပြေးရာကနေ စစ်ကြောင်းနဲ့တိုးပြီး ခြင်္သေ့ဦအနားမှာ အခုလို ပစ်သတ်ခံလိုက်ရတယ်။ သေဆုံးသူတွေက အမျိုးသားတွေပါ။ သူတို့ စစ်ကြောင်းထိုးလာပြီး ယောက်ျားလေးတွေကို ဖမ်းပြီး သတ်တာများတော့ အရင်ဆုံး သူတို့က ထွက်ပြေးကြရာကနေ အခုလို အသတ်ခံလိုက်ရတာ။”

ဘုတလင်မြို့နယ်အတွင်းမှာ အခုလို အစုလိုက်အပြုံလိုက် ဒေသခံရွာသားတွေ အသတ်ခံရတာ နှစ်ကြိမ်ရှိနေပြီလို့ ဘုတလင် PDF ခေါင်းဆောင်က ပြောပါတယ်။

“ဒေသခံရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်တွေတော့ ဟုတ်ပါတယ်။ ရွာလုံခြုံရေးပေါ့‌ဗျာ။ အခုလို ခေတ်ပျက်နေတဲ့အချိန် ရွာထဲ သူခိုး၊ ဓားပြရန်ကနေ ကာကွယ်ရအောင် လုံခြုံရေးအဖွဲ့လေးတွေ ရွာတိုင်း ရွာတိုင်းမှာ ဖွဲ့ထားကြတာတော့ ရှိတယ်။ အခုဟာက သူတို့ကို ရန်ပြုဖို့ရာ လုပ်တာလည်း မဟုတ်ပါဘူး။ သူတို့ရပ်ရွာလုံခြုံရေးအဖွဲ့က PDF ကို ရန်ပြုဖို့ ဖွဲ့တာလည်း မဟုတ်သလို၊ စစ်ကောင်စီကို ရန်ပြုဖို့ဖွဲ့တဲ့ အဖွဲ့လည်း မဟုတ်ကြပါဘူးဗျ။ ကိုယ့်ရွာလုံခြုံရေးအတွက် ဖွဲ့ထားတဲ့ အဖွဲ့တွေပါ။ အခုလို သတ်လိုက်တာကတော့ မကောင်းဘူးပေါ့ဗျာ။ တွေ့တဲ့သူတိုင်း ရန်သူလို မြင်နေရင်တော့ စစ်ကောင်စီလုပ်ရပ်က ဘာလဲဆိုတာ ကမ္ဘာကသိဖို့ ကောင်းသလို အရေးယူဖို့လည်း အချိန်လွန်နေပြီလို့ ပြောချင်တယ်ဗျ။ သေဆုံးတာက ၅ ဦးပါဗျ။ အပြင်းအထန် ဒဏ်ရာရတာက ၆ ဦးပါ။ ဒဏ်ရာရသူထဲမှာ ၅ နှစ် ကလေးငယ်တဦးလည်း ပါတယ်ဗျ။ ပေါက်ပြဲဒဏ်ရာရတဲ့သူတွေလည်း များတယ်။ သေဆုံးသူထဲမှာ အသက်မပြည့်သေးတဲ့ ၁၅ နှစ်၊ ၁၆ နှစ် ကလေးတွေလည်း ပါတယ်” လို့ ဘုတလင်တောကျီးကန်းအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သေဆုံးသူတွေဟာ ကိုဆန်းထွန်း (အသက် ၂၅ နှစ်)၊ ကိုအာကာ (အသက် ၂၄ နှစ်)၊ ကိုအောင်ရဲဇော် (အသက် ၂၀) နဲ့ ရွာစီကုန်းနဲ့ ပရူးရွာတို့က ကလေး ၂ ယောက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီက ပြီးခဲ့တဲ့လပိုင်းက ဘုတလင်မြို့နယ် အုတ်ဖိုရွာက ပြည်သူ ၉ ဦးကိုလည်း အခုလို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013