DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၄၀ ထက်မနည်း ပျက်စီး
DVB
·
September 12, 2022
မိုးဗြဲတွင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၄၀ ထက်မနည်း ပျက်စီး
Donate to DVB

ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်မှာ လက်နက်ကြီးတွေအပြင် တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက် ၃ ခုက လူနေအိမ် ၄၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက်ကနေ  ၁၁ ရက်အထိ ၄ ရက်ဆက်ဖြစ်ခဲ့တဲ့  တိုက်ပွဲတွေမှာတော့ နေအိမ် ၁၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၈ ရက်ကစတင်တဲ့ တိုက်ပွဲဟာ ၁၁ ရက်အထိ ဆက်ဖြစ်ပွားနေပြီး ဒီနေ့လည်း အခြေအနေအတွေ ဆက်လက်တင်းမာနေသလို မနေ့ညက ရှမ်းပြည်နယ်ပင်လောင်းဘက်က စစ်ကား ၁၅ စီး စစ်ကူလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

၄ ရက်ဆက်ဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၆၀ ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းတွေလည်း ကရင်နီပူးပေါင်းတပ်တွေ သိမ်းဆည်း ရမိခဲ့ပါတယ်။

ကရင်နီပူးပေါင်းတပ်တွေဘက်ကလည်း ၂ ယောက်သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆမတန်ပစ်ခတ်နေတဲ့အပြင် လေကြောင်းပစ်ကူပါ သုံးပြီး တိုက်ခိုက်နေတာဖြစ်လို့ မြို့အနားက သွားလာတာမလုပ်ကြဖို့   ကရင်နီပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013