DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့တွင် စက်လှေအဝင်/အထွက် စစ်တပ်ကို သတင်းပို့ရသဖြင့် လှေသမားများ အခက်ကြုံ
DVB
·
September 10, 2022
မြေပုံမြို့တွင် စက်လှေအဝင်/အထွက် စစ်တပ်ကို သတင်းပို့ရသဖြင့် လှေသမားများ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေတွေအားလုံး အဝင်/အထွက် သွား လာတာကို သတင်းပို့ရမယ်လို့  စစ်ကောင်စီတပ်က စက်တင်ဘာ ၉ ရက်မှာ အမိန့်ထုတ်ထား တယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။

မြေပုံမြို့ဒေသခံ တဦးက "စက်လှေတွေ အားလုံး အထွက်/အဝင် တနေရာတည်းမှာ သတင်းပို့ စာရင်းပေးမှ ထွက်ခွင့်ရတယ်။ သတင်းပေးပြီး မသွားရင် ပစ်ခတ်ဖမ်းဆီးမယ်ဆိုပြီး မနေ့က သတင်းထုတ်ပြန်ထားတယ်။ သတင်းပေးရမှာကလည်း နေရာတခုတည်း ဖြစ်နေတယ်။"လို့ ပြောပါတယ်။

ခရီသည်တင်နဲ့ ငါးဖမ်းစက်လှေအားလုံး မြေပုံသင်္ဘောဆိပ်နားက မောင်မောင်ဆိပ်ကမ်းမှာ စာရင်းပေးရမှာဖြစ်ပြီး   မြေပုံမြို့အနောက်ဘက်ကျေးရွာ ၇ ရွာက ငါးဖမ်းလှေ ၆၀၀ လောက် အခက်တွေ့နေတယ်လို့ ရေလုပ်သားတဦးက ပြောပါတယ်။

ကျောက်မော်ကြီးကျေးရွာမှ ရေလုပ်သား တဦးက "သူတို့ကို သွားသတင်းပို့ရတာ ကိစ္စမရှိဘူး။ ကျနော်တို့ ရွာက အနောက်ဘက်မှာရှိတာပါ။ သူတို့ကို သတင်းပေးရမှာက အရှေ့ဘက်သင်္ဘောဆိပ် မှာဆိုတော့ အနောက်ကနေ အရှေ့ကို ပတ်ပြီးလာဖို့ ၃ နာရီလောက် ကြာမယ်။ ငါးက ဘယ်အချိန်သွားဖမ်းရမှာလဲ။ နောက်ပြီး ဆီစျေးက မြင့်နေတယ်။ သတင်းပေးရတာကို အနောက်ဘက်က တံငါရွာတွေအတွက် သီးသန့်လုပ်ပေးသင့်တယ်။"လို့ ပြောပါတယ်။

မြေပုံမြို့အနောက်ဘက်မှာ ငုံးပြင်လယ်၊ ကျောက်မော်ကြီး၊ ထူးချေ၊ ကိုင်းချေ၊ အငူ၊ အုန်းတောဆိုတဲ့ တံငါရွာတွေရှိပြီး ငါးဖမ်းတံငါလှေ ၆၀၀ လောက်ရှိနေပါတယ်။

စက်တင်ဘာ ၇ ရက် မနက်ပိုင်းက မြေပုံမြို့မှာ စစ်ကောင်စီတပ်ကို ရက္ခိုင်တပ်တော် အေအေက မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဟာ မြေပုံမြို့က မသင်္ကာတဲ့ နေအိမ်တွေကို နေ့စဉ် စစ်ဆေးနေတယ်လို့ မြေပုံမြို့ခံတချို့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013