DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်တွင်းသွားရေယာဉ်များ သတင်းပို့ရန် ဒေသကာကွယ်ရေးတပ် အသိပေးကြေညာ
DVB
·
July 30, 2022
ချင်းတွင်းမြစ်တွင်းသွားရေယာဉ်များ သတင်းပို့ရန် ဒေသကာကွယ်ရေးတပ် အသိပေးကြေညာ
Donate to DVB

ချင်းတွင်းမြစ်ရိုးတလျောက် ရေကြောင်းသွားလာတာကို ဇူလိုင် ၂၃ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားပေမဲ့ ပြည်သူ့ပိုင်ရေယာဉ်တွေ သွားလာလိုပါက ဒေသကာကွယ်ရေးတပ်ထံ ကြိုတင်သတင်းပို့ကြဖို့  Dragon Brothers Task Force - DBTFက ဇူလိုင် ၂၉ ရက်မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့မော်တော်ယာဥ်တွေကို ချောဆွဲဆန်တက်တာတွေ၊ အသွင်ယူ သွားလာတာတွေ လုပ်နေတာကြောင့် အခုလို ရေကြောင်းသွားလာတာကို ပိတ်ထားရတယ်လို့ သိရပါတယ်။

Dragon Brothers Task Force - DBTF အဖွဲ့ဝင် တဦးက  “အခုလို သတင်းပို့ သွားလာတာ မရှိပါက စစ်ကောင်စီရေယာဉ်တွေ ဟုတ်၊ မဟုတ် ဇဝေဇဝါဖြစ်ရပြီး  ကျနော်တို့အနေနဲ့ လုပ်ကိုင်ရတာ အခက်အခဲများစွာရှိနေတယ်”လို့ ပြောပါတယ်။

ရေယာဉ်တွေအနေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေဖြစ်တဲ့ နဂါးညီနောင်တပ်ဖွဲ့(DBTF)၊ Yoma Fighter PDF၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့ထံ သတင်းပို့ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Dragon Brothers Task Force - DBTF နဲ့ ဒေသခံပြည်သူကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ချင်းတွင်းမြစ်ကြောင်းက အလုံ၊ မင်းဒေါင့်အနီးဝန်းကျင်တွေမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အလားတူ ရေဦး-ညောင်ပင်သာ-ရွှေဘိုလမ်းပိုင်းနဲ့ ရေဦး-ခင်ဦးလမ်းပိုင်းကို ဇူလိုင် ၃၀ ရက်ကစပြီး နောက်ထပ်ကြေညာချက်မထုတ်မချင်း အသုံးမပြုကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013