DVB Logo
Home
မြန်မာသတင်း
နောင်မွန်တွင် ရေကြီးပြီး လယ်ဧက ၁၅၀ ခန့်ပျက်စီး
DVB
·
September 9, 2022
နောင်မွန်တွင် ရေကြီးပြီး လယ်ဧက ၁၅၀ ခန့်ပျက်စီး
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက နောင်မွန်မြို့နယ်မှာ ဩဂုတ် ၂၉ ရက်လောက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးလို့ လယ်ယာဧက ၁၅၀ ကျော် ပျက်စီးသွားတယ်လို့ နောင်မွန် လူမှုကူညီ‌ရေးအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကဆန်ချောင်းနဲ့ ရနမ်ချောင်းရေကြီးလို့ လယ်ယာဧက ၁၅၁ ခန့် ပျက်စီးသွားတယ်။ ၇ ဧကတော့ ကျောက်ပုံဖြစ်သွားတယ်။ လုံးဝပျက်စီးသွားတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း ပါသွားတယ်။ နောင်မွန်မြို့နယ် ဒေသခံတွေက နှစ်တိုင်း ၉ လနဲ့ ၁၀ လကြား ကောက်သစ်မပေါ်ခင် စားသောက်ရေး အခက်တွေ့ကြတယ်။”

နောင်မွန် လူမှုကူညီရေးအသင်းအနေနဲ့ အရင်နှစ်တွေက ကူညီနိုင်ခဲ့ပေမဲ့ အခု‌နှစ်မှာ မကူညီနိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ နောင်မွန် လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။

နောင်မွန်မြို့နယ်မှာ မိုးရာသီရောက်တိုင်း အသွားအလာခက်ခဲပြီး‌ ဒေသခံပြည်သူတွေ စားသောက်ရေး အခက်တွေ့တယ်လို့ နောင်မွန်မြို့နယ် ရှိမန်ကျေးရွာခံ ပြည်သူတယောက်ကလည်း ပြောပါတယ်။

“ဒီနှစ်က ကုန်ဈေးနှုန်းလည်းတက်တယ်။ ရေကြီးတာလည်း ကဆန်ချောင်းဘေးက ရွာတိုင်း အိမ်တွေပါ မြုပ်တဲ့ထိ ရေကြီးသွားတယ်။ နဂိုကတည်းက ဦးလေးတို့ဒေသက အခက်အခဲ အများကြီးနဲ့ ရင်ဆိုင်နေရတာပါ။ ခု ရေကြီးတော့ လမ်းကသွားလို့မရ၊ ပူတာအိုလည်း မတက်နိုင်တဲ့ကြားမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတယ်။”

နောင်မွန်မြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတောင်ရှိရာ မြို့နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေမရလို့ ဒေသခံပြည်သူတွေ ကဏ္ဍစုံ အခက်အခဲနဲ့ ရင်ဆိုင်‌နေရပါတယ်။

ပူတာအိုခရိုင်မှာ ၂၀၁၈ ခုနှစ်ကလည်း ရေကြီးခဲ့လို့ ပူတာအိုမြို့နယ်ထဲက အထက်‌ဆန်ခေါင်ရွာမှာ လူနေအိမ်နဲ့ လယ်ဧကပေါင်း မြောက်မြားစွာ ပျက်စီးခဲ့သလို နောင်မွန်မြို့နယ်မှာလည်း လယ်ယာတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013