DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံနေအိမ်များထိမှန်၊ ပြည်သူ အချို့ ဒဏ်ရာရ
DVB
·
September 9, 2022
မိုးဗြဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံနေအိမ်များထိမှန်၊ ပြည်သူ အချို့ ဒဏ်ရာရ
1 / 3
Donate to DVB

ရှမ်း-ကရင်နီ(ကယား) နယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးတဲ့အပြင် ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  မိုးဗြဲ PDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူအနေနဲ့ အမြန်ဆုံးရှောင်ဖို့လည်းတိုက်တွန်းထားပါတယ်။

“လက်နက်ကြီးက ဆက်တိုက်ကျနေတယ်။ အရပ်သားထိခိုက်မှုတွေရှိတယ်။ အရပ်သားနေအိမ် ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေရှိတယ်။ အခုချိန်ထိတော့ ထိခိုက်ပျက်စီးမှု ခန်းမှန်းရခက်နေသေးတယ်။ အဓိကကတော့ ဘေးလွတ်ရာဖြစ်ဖို့ရယ်၊ အန္တရာယ် ပိုကင်းတဲ့နေရာမှာနေဖို့ အဲဒီတခုပါပဲ။ တိုက်ပွဲကနေ ဒီနေ့က မနေ့ကလိုပဲ ပြင်းထန်နေတယ်။ ရေရှည်တိုက်ပွဲ ဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့နော်။ ကျနော်တို့ဘက်ကလည်း လက်နက်တွေ အများကြီး သိမ်းဆည်းရမိထားတယ်၊ ပြီးတော့ ကျနော်တို့ဘက်က တိုက်လိုက်နိုင်ထားတယ်ဆိုတော့ စစ်တပ်ဘက်က ပိုပြီး ဖိလာနိုင်တဲ့အခါကျတော့ ထောက်ပို့အနေနဲ့ ပြည်သူတွေရဲ့အကူအညီ လိုအပ်နေပါပြီ။”လို့  မိုးဗြဲ PDF ပြောခွင့်ရသူက ပြောပါတယ်။

မနေ့မနက် ၈ နာရီ ၄၅ မိနစ်ကနေ စတင်တဲ့ တိုက်ပွဲဟာ ညနေ ၆ နာရီအထိ တနေကုန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်ပါတယ်။ 

မိုးဗြဲ PDF ပြောခွင့်ရသူက “ အခုက အပြန်အလှည်ပစ်ခတ်မှုနက နည်းနည်းငြိမ်နေတယ်။ ဒါပေမဲ့ ၁၂၀ မမတွေနဲ့ ဆက်တိုက်ပစ်နေတယ်။ လက်နက်ကြီးတွေလည်း ကျနေတယ်ပေါ့နော်။ ဒီနေ့မနက်အစောကြီး ၇ နာရီဝန်ကျင်ကနေ စပစ်ခတ်တာ၊ အဲဒီကနေစပြီး အခုချိန်ထိပေါ့နော်။ မနေ့ကလည်း တနေကုန်နီးပါးပဲ မနက် ၈ နာရီဝန်ကျင်ကနေ ညမှောင်နေတဲ့အထိပဲ။”လို့ ပြောပါတယ်။

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ထက်မနည်း သေဆုံးက လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးကာ ၁၂  ထိခိုက်ဒဏ်ရာရှိခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျဉ်ဆန်တွေ၊ ဖုန်းတွေနဲ့ Tablet တွေ၊ ငွေကြေးတွေကို သိမ်းဆည်းရမိခဲ့ကြောင်း မိုးဗြဲ PDFက ထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှာ အရာရှိတချို့ပါဝင်တယ်ဆိုပေမဲ့ အတိအကျ မသိသေးကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲကြောင်း ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့နယ် ဝှါရီဆူးပလိုင်ရွာကနေ မိုးဗြဲမြို့သို့ စစ်ကောင်စီအင်အား ၁၀၀ ဝန်ကျင်က စစ်ကြောင်း ထိုးလာတဲ့အတွက် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊  KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ ဆို့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ပထမအပတ်မှာ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ စတဲ့မြို့နယ်ထဲက ကျေးရွာတွေအနီး ကရင်နီ ပူးပေါင်းတပ်တွေရဲ့ ပြောက်ကျားခိုက်မှုကြောငု့် စစ်ကောင်စီတပ်သား ၁၆ ယောက် ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန် ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆို၊ ဖရူဆိုမြို့တွေမှာ တပ်အင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးနေပြီး ယာဉ်တန်းတွေနဲ့ ရိက္ခာပို့နိုင်ဖို့ကြိုးစားနေသလို ဖယ်ခုံမြို့နယ်မှာလည်း ပင်းလောင်းမြို့နဘ်ကနေ ဆင်လာတဲ့ စစ်ကောင်စီ ယာဉ်အစီး ၄၀ ယာဉ်တန်းဟာလည်း ဖယ်ခံအခြေစိုက် တပ်ရင်းတွေကို ဝင်ရောက်အားဖြည့်နေတဲ့အတွက် မိုဗြဲမြို့မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့  KNDF က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013