DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ စစ်ကောင်စီနှင့် မပတ်သက်ရန် သတိပေး
DVB
·
September 6, 2022
မြင်းမူမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ စစ်ကောင်စီနှင့် မပတ်သက်ရန် သတိပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေးအသင်းတွေ၊ NGO အသင်းအဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့နဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့  စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က သတိပေးထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေ အထိနာနေပြီး စစ်ပမ်းနေကာ တော်လှန်ရေးတပ်သားတွေနဲ့ PDF အင်အားစုတွေကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဖြိုခွင်းဖို့ အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ လူသားဒိုင်းပြုလုပ်တာ ဘာသာသာသနာကို ခုတုံးလုပ်အကာအကွယ်ယူတိုက်ခိုက်တဲ့ ဗျူဟာဖော်ဆောင်နေတယ်လို့ မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဆိုပါတယ်။

မြင်းမူမြို့နယ်အတွင်းရှိ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့နဲ့ NGOအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က အကူညီတောင်းခံလာရင် အကူညီပေးတာ၊ ပူးပေါင်း ဆောင်ရွက်တာတွေ လုံးဝ မပြုလုပ်ကြဖို့နဲံ ပြည်သူ့သဘောထားကို ဆန့်ကျင်ပြီး ပူးပေါင်းတဲ့ဘယ်အဖွဲ့ကိုမဆို တိုက်ခိုက် ရှင်းထုတ်သွားမယ်လို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013