DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် စစ်ရေးပြင်းထန်နေပြီး ဒေသခံ ၁,၀၀၀ ​ကျော် ထွက်ပြေးနေရ
DVB
·
September 2, 2022
မောင်တောမြောက်ပိုင်းတွင် စစ်ရေးပြင်းထန်နေပြီး ဒေသခံ ၁,၀၀၀ ​ကျော် ထွက်ပြေးနေရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှာ  စစ်ကောင်စီတပ်က  အထူးစစ်ဆင်ရေး ပြုလုပ်သွားဖို့ ရှိတဲ့အတွက် ကျေးရွာ ၂၀ ကျော်က ရွာသားတွေ ၁၀၀၀ ကျော်လောက်  နေရပ်စွန့်ခွာ ထွက်ပြေးလာကြပြီး အကူအညီ‌တွေ လိုအပ်နေပါတယ်။

၃ မိုင် ပရဟိတဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ မင်းကြီးရွာကျေးရွာကနေ ထွက်ပြေးလာတဲ့ အဘွားအိုတယောက်က “လက်နက်ကြီးက ကြိမ်ချောင်း စခန်းကြီး ၃ လုံးပစ်တာမှာ တလုံး ရွာအနားကိုကျပြီး အဘွားအိုတဦး သေဆုံးသွားပါတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုပြီး ထွက်ပြေးလာကြတာပါ။ တိုက်ပွဲက ပြင်းထန်လာဖို့ အခြေအနေ ရှိနေပါတယ်” လို့ ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ ကျေးရွာတွေမှာ ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ သက်ကိုင်ညာ၊ နန်ရာကိုင်း၊ တမန်းသား၊ ခုံတိုင်၊ သစ်တုံးနားခွဆုံ၊ ငါးခူရ၊ စံပယ်ပင်ရင်း၊ ခြံပြင်၊ ကြိမ်ချောင်း၊ မင်းကြီးရွာ၊ ရွက်ညိုးတောင်၊ ကြောင်နဘေ၊ ဝေလာ၊ သုပ္ပဏက စတဲ့ကျေးရွာတွေက ထွက်ပြေးလာကြတာလည်း ဖြစ်ပါတယ်။

ခမောင်းဆိပ်ကျေးရွာမှ အသက် ၆၀ အရွယ် အမျိုးသားကြီးတယောက်က “မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာနားမှာ လေယာဥ်နဲ့ ဗုံးကြဲနေတယ်။ လက်နက်ကြီးက နေ့တိုင်း နေ့ရောညပါ ပစ်နေတယ်။ တိုက်ပွဲပြင်းထန်လာပြီး လမ်းတွေပြန်ပိတ်ရင် ထွက်ပြေးဖို့ မလွယ်နိုင်ပါ။ စားနပ်ရိက္ခာတွေလည်း ယူသွားလို့မရ။ နောက် ဘာတွေဖြစ်လာမလဲ မပြောတတ်ပါ။ အဲ့ဒါကြောင့် အခုလို စစ်ဘေးရှောင်နေတာပါ” လို့ ပြောပါတယ်။

လက်ရှိ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ မောင်တောမြို့ပေါ်ရှိ ဆွေမျိုးတွေနဲ့ စစ်တွေ၊ အစရှိတဲ့ မြို့တွေကို ထွက်ပြေးခိုလှုံနေကြပြီး ဆွေမျိုးမရှိတဲ့ ဒုက္ခသည် ၂၀၀ လောက်ကတော့  မောင်တော ၃ မိုင် ပရဟိတကျောင်းရှိ ဓမ္မာရုံနဲ့ ရွှေတောင်ကျေးရွာမှာ လူဦးရေ ၁၀၀ ကျော် စစ်ဘေးခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်နေပြီး ခမောင်းဆိပ်မြို့အနီးရှိ စစ်ဗျူဟာကုန်းနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြား မှတ်တိုင်အမှတ် ၄၀ အနီးရှိ စစ်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က သြဂုတ် ၃၁ ရက်မနက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013