DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့် ချင်းပြည်နယ်က စစ်ဘေးရှောင်များအားကူညီရန် အခက်တွေ့နေဟု UNOCHA ထုတ်ပြန်
DVB
·
September 1, 2022
ရခိုင်နှင့် ချင်းပြည်နယ်က စစ်ဘေးရှောင်များအားကူညီရန် အခက်တွေ့နေဟု UNOCHA ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် (အေအေ) အကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရပြီး လုံခြုံတင်းကျပ်ထားတာကြောင့် စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁ ရက်နေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တင်းမာမှုတွေ မြင့်တက်နေပြီး မောင်တော၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုများပြားလာသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း သြဂုတ်လကတည်းက တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံ ထောင်ပေါင်းများစွာဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

စစ်ဘေးရှောင်တွေဟာ တောတောင်တွေ၊ ဆွေမျိုးမိတ်ဆွေအိမ်တွေနဲ့  ရွှေ့ပြောင်းအခြေချစခန်းတွေ စတဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်း နေထိုင်နေကြရပြီး အဲဒီ စစ်ဘေးရှောင်တွေကို ဒေသခံတွေနဲ့ နိုင်ငံတကာ မိတ်ဘက်အဖွဲ့တွေက သွားရောက်ကူညီနိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နယ်မြေအများအပြားမှာ လုံခြုံရေးအစီအမံတွေ တင်းကျပ်ထားပြီး ဆေးဝါးပစ္စည်းတွေ၊ စားနပ်ရိက္ခာ အပါအဝင် တခြား လူသားချင်းဆိုင်ရာ ထောက်ပံရေးပစ္စည်းတွေကို ရေလမ်း၊ ကုန်းလမ်းတွေကနေ သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ်က တိုက်ပွဲတွေအတွင်း တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၁၆ ခုက စစ်ဘေးရှောင် ၇၅,၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို မှီခိုနေကြရဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထပ်တိုးလာတဲ့ စစ်ဘေးရှောင်ဦးရေ စာရင်းအတိအကျ ရယူဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းကတည်းက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူ ၉၄၉,၀၀၀ ယောက် အပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းနီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013