DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ဝန်ကြီး ၃ ဦး တောင်ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
DVB
·
September 1, 2022
ကရင်ပြည်နယ်ဝန်ကြီး ၃ ဦး တောင်ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရတဲ့ ပြည်နယ်ဝန်ကြီး ၃ ယောက် စက်တင်ဘာ ၁ ရက် မနက် ၈ နာရီခွဲလောက်က ပြန်လည်လွတ်မြောက်လာတယ်လို့ ဝန်ကြီးတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဦးဘိုဘိုဝေမောင် (ကရင်ပြည်နယ် လူမှုရေးဝန်ကြီး)၊ ခွန်မျိုးတင့် (ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး)၊ ဦးမင်းကိုခိုင် (လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဌာနဝန်ကြီး) တို့ဟာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးတွေနဲ့ နီးစပ်သူတယောက်က “ဒီမနက် ၈ နာရီခွဲလောက်က လွတ်ရက်စေ့လို့ ပြန်လွတ်လာတာပါ။ သူတို့မိသားစုတွေ လာကြိုကြတယ်။ သူတို့နေအိမ်တွေကို ပြန်သွားကြပြီ။ ကျန်းမာရေးတွေ အကုန်ကောင်းပါတယ်။ အထဲမှာ ဘာတွေပြောလိုက်လဲ ကျနော်လည်း မသိဘူး။ ခံဝန်ဘာညာ ထိုးခဲ့ရလား၊ မထိုးခဲ့ရလားတော့ ကျနော်မသိဘူး” လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် ဌာနဆိုင်ရာဝန်ကြီးတွေကို မတရားဖမ်းဆီးပြီး ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သလို ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဩဂုတ် ၁၉ ရက် မနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘားအံပြည်သူ့ဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးကုသခံယူခွင့် ရရှိခဲ့သလို မိသားစုနဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့တယ်လို့ မောင်ဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ပြောပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ သွေးအားနည်းတာနဲ့ ကျီးပေါင်းရောဂါတွေကြောင့် ခေါင်းမူးတာ အနည်းငယ်ခံစားနေရသလို ဝန်ကြီး ဦးသန်းနိုင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မသိရှိရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013