DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာနိုင်ငံသား ၁ ဦး ကားခိုးမှုဖြင့် အဖမ်းခံရ
DVB
·
August 31, 2022
မလေးရှားတွင် မြန်မာနိုင်ငံသား ၁ ဦး ကားခိုးမှုဖြင့် အဖမ်းခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပန်ဒန်းပဒါးနားနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ကားခိုးမှုတစ်ခုနဲ့ ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသားတယောက်ကို  ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှားရဲက ပြောပါတယ်။ 

ဩဂုတ်လ ၂၈ ရက်  မနက် ၉ နာရီဝန်းကျင်မှာ မလေးရှားနိုင်ငံထုတ်  Proton Iswara  ကားခိုးယူခံရကြောင်း ပိုင်ရှင်က ရဲစခန်းကို သတင်းပို့ခဲ့ပါတယ်။ 

အဲဒီနောက် စုံစမ်းစစ်ဆေးချက်တွေအရ ဩဂုတ်လ ၂၉ ရက်မနက် ၁ နာရီလောက်မှာ ကာဂျန်းမြို့ထဲက တမန်ဆီရီတာမင်းနယ်မြေရှိ ကားပါကင်တစ်ခုထဲမှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပြီး ကားကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့  မလေးရှားရဲက ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ သံသယတရားခံမှာ ရာဇဝတ်မှုမှတ်တမ်း ၄ ခုရှိထားပြီး  စိတ်ကြွမူးယစ်ဆေး သုံးစွဲထားကြောင်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမ်ပန်းမြို့အနီးဝန်းကျင်က ကားခိုးမှုအတော်များများမှာ အခုဖမ်းမိထားသူ ပါဝင်ပတ်သက်နိုင်တယ်လို့သံသယရှိကြောင်းနဲ့ သူဟာများသောအားဖြင့် လူပြတ်တဲ့နေရာတွေမှာ ရပ်ထားတတ်တဲ့ မော်ဒယ်နိမ့်ကားတွေကို ပစ်မှတ်ထားခိုးယူလေ့ရှိတယ်လို့ ရဲက ပြောပါတယ်။

ဖမ်းဆီးထားသူကို နောက်ထပ်စစ်မေးဖို့အတွက် ဆက်လက်ထိန်းသိမ်းထားဦးမှာဖြစ်ကြောင်းလည်း မလေးရှား The Star သတင်းမှာ ရေးသားဖော်ပြပါတယ်။

Ref- The Star

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013