DVB Logo
Home
မြန်မာသတင်း
NUG ကာကွယ်ရေးဒုဝန်ကြီး ဦးဆောင်သည့် “Project Skywalk” က မြေပြင်တော်လှန်ရေးအတွက် ကန်ဒေါ်လာ ၁ သန်း ရှာဖွေ
DVB
·
August 30, 2022
NUG ကာကွယ်ရေးဒုဝန်ကြီး ဦးဆောင်သည့် “Project Skywalk” က မြေပြင်တော်လှန်ရေးအတွက် ကန်ဒေါ်လာ ၁ သန်း ရှာဖွေ
Donate to DVB

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်တဲ့ “Project Skywalk” ကနေ မြေပြင်တော်လှန်ရေးအတွက် ဘဏ္ဍာ​ငွေ​ အမေရိကန်ဒေါ်လာ ၁ သန်းထိ ရှာဖွေပံ့ပိုးပေးမယ့် အစီအစဉ်ကို စတင်ကြောင်း ထုတ်ပြန်ပါတယ်။

ကောင်းကင် ​​ဝေဟင်က​နေ ဖက်ဒရယ်ဒီမိုက​ရေစီနဲ့ လွတ်လပ်ခြင်းဆီကို ဦးတည်​လျှောက်လှမ်းမယ့် စီမံချက်ဖြစ်တဲ့ “Project Skywalk” ဟာ ​မြေပြင်ဒရုန်းတိုက်ခိုက်​ရေးတပ်ဖွဲ့​တွေကို လက်ရုံးတပ်​​တွေအ​ဖြစ် စုစည်းပြီး ဟန်ချက်ညီညီနဲ့ စစ်ဆင်​ရေးပုံ​ဖော်နိုင်​ဖို့ အ​ထောက်အကူ​ပေးနိုင်​ရေးအတွက် ရည်ရွယ်တာဖြစ်ပြီး NUG ကာကွယ်​ရေးဒုဝန်ကြီး နိုင်​ကောင်းရွတ် ဦး​ဆောင်ကာ ဘဏ္ဍာ​ရေးဌာနနဲ့ ပြည်သူ့ ဆက်ဆံ​ရေးအဖွဲ့တို့ ဦးစီးလုပ်​ဆောင်တဲ့ ဘဏ္ဍာ​ငွေရှာ​ဖွေ​ရေး အစီအစဥ်တရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

​မြေပြင်က တိုက်ပွဲဝင်​နေတဲ့ Drone Squad ​တွေအတွက် မဟာဗျူဟာကျတဲ့ ပစ္စည်း​တွေကို အတိုင်းအတာတခုအထိ ထိထိ​ရောက်​ရောက် တပ်ဆင်​နိုင်ဖို့ ဒီပရောဂျက်ကိုတော့ သြဂုတ် ၃၀ ရက် ဒီကနေ့က​နေ လာမယ့် စက်တင်ဘာ ၁၅ ရက်​နေ့အထိ သီတင်း ၂ ပတ်တာ ကမ်ပိန်းအနေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စစ်​ကောင်စီကို မဟာဗျူဟာကျကျ တိုက်ခိုက်ရင်း ရည်ရွယ်ရာဆီ ဟန်ချက်ညီညီနဲ့ အ​ရောက်သွားနိုင်ဖို့နဲ့ နွေဦး​တော်လှန်​ရေးအတွက် အ​ရေးပါတဲ့ အင်အားစုတရပ်ကို ​မွေးထုတ်​ပေးမယ့် “Project Skywalk” ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက မိဘပြည်သူ​တွေရဲ့အားနဲ့ အရှိန်ပြင်းပြင်း ​တော်လှန်ပျံဝဲနိုင်မယ်လို့ အပြည့်အဝယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။ ​

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပြင်းထန်နေသလို တော်လှန်ရေးအတွက် ဘဏ္ဍာငွေလိုအပ်ချက်ဟာလည်း မြင့်နေတာမို့ NUG အစိုးရအပါအတင် တော်လှန်ပြည်သူတွေ၊ အဖွဲ့အစည်းတွေ အသီးသီးကပါ တတ်နိုင်တဲ့နေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

“Project Skywalk” မှာ ထောက်ကူချင်တယ်ဆိုရင်⬇️ဖော်ပြပါလင့်ခ်တွေကတဆင့် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

https://www.facebook.com/projectskywalk/posts/119618930852192

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013