DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ စစ်ရာဇဝတ်ကျူးလွန်နေမှုကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရက္ခိုင် အစည်းအရုံး (ဂျပန်) ရှုတ်ချ
DVB
·
August 29, 2022
စစ်ကောင်စီ စစ်ရာဇဝတ်ကျူးလွန်နေမှုကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရက္ခိုင် အစည်းအရုံး (ဂျပန်) ရှုတ်ချ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ရက္ခိုင်အစည်းအရုံး(ဂျပန်) တို့က ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်း စစ်ကောင်စီက ရပ်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ ရှိနေပြီး စစ်ကောင်စီရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  ပြင်းထန်စွာရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ရက္ခိုင်အစည်းအရုံး(ဂျပန်)တို့က အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

ချင်းပြည်နယ် ပလက်ဝ နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်၊ မောင်တော၊ မြောက်ဦးမြို့နယ်တွေမှာ ပြည်သူတွေကို စစ်ကောင်စီက စားနပ်ရိက္ခာဖြတ်တောက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပတ်ခတ်နေတာတွေကို မသိကျွေးကျွန်ပြုပြီး နုတ်ဆိတ်နေကြတဲ့ ရခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဝန်ကြီးတွေကို သမိုင်တရားခံအဖြစ် မှတ်ယူသွားမယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသတ်စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်အနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ ရခိုင်ပြည်သူများအပါအဝင် ပြည်သူအားလုံးအတွက် လူသတ်စစ်ကောင်စီကို အမြန်ဆုံး အပြစ်ပေးအရေးယူပြီး တရားမျှတမှုကို ရှာဖွေပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း တောင်းဆိုထားပါတယ်။

ဩဂုတ် ၂၈ ရက်ကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာနဲ့ ဓမ္မရာဇ်ကျေးရွာတွေကို ခမရ(၃၇၇) တပ်ရင်းက လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါဝင် ၃ ဦးသေဆုံးပြီး သံဃာတွေတွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာပြင်းထန်းစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

သြဂုတ် ၂၇ ရက်နေ့ကလည်း မောင်တောမြို့နယ် မင်းကြီးကျေးရွာမှာ စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်ကြီးကျည်ကျရောက်မှုကြောင့် ကျေးရွာက အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

သြဂုတ်လ အတွင်းမှာ ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မြောက်ဦးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အေအေတို့အကြားတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013