DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခံရ
DVB
·
August 29, 2022
မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခံရ
Donate to DVB

စစ်ကောင်စီရဲ့ မတရား အကြမ်းဖက်ဖမ်းဆီးတာကို ခံထားရတဲ့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်(ခ)မဂျူးကို ဩဂုတ် ၂၉ ရက်နေ့မှာ မိတ္ထီလာတရားရုံးကနေ ထောင်ဒဏ် ၇ နှစ် ကျခံဖို့ အမိန့်ချခဲ့ပါတယ်။

မသဲစုနိုင်(ခ)မဂျူးကို ပုဒ်မ ၅၂(က) နဲ့ တရားစွဲဆိုပြီး ၉ လကြာ အမှုရင်ဆိုင်အပပြီးမှာ အမိန့်ချခဲ့တာလို့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်ထားပါတယ်။

မသဲစုနိုင်(ခ)မဂျူးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က နေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မသဲစုနိုင်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကျောင်းဆရာမတဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်က မသဲစုနိုင်ကို PDF ခေါင်းဆောင်ပိုင်း အမျိုးသမီးဆိုပြီး စွပ်စွဲကာ ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရပြီးနောက် မသဲစုနိုင်ရဲ့ ခြေထောက်ကျိုးသွားခဲ့ပြီး အခုတိုင် လုံးဝအရှင်း ကောင်းမွန်ခြင်း မရှိသေးဘူးလို့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013