DVB Logo
Home
မြန်မာသတင်း
“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ”သစ်ထွင်းပန်းချီ မဲလက်မှတ် ၄ ရက်အတွင်း ၇၀၀၀ ကျော်ရောင်းရ
DVB
·
August 29, 2022
“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ”သစ်ထွင်းပန်းချီ မဲလက်မှတ် ၄ ရက်အတွင်း ၇၀၀၀ ကျော်ရောင်းရ
Donate to DVB

နွေဦးတော်လှန်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ စတင်ရောင်းချနေရာမှာ ၄ ရက်အတွင်း လက်မှတ်စောင်ရေ ၇၀၈၁ စောင်ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။

“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်ကိုတော့ ပန်ဆယ်လိုနဲ့အတူ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအဖွဲ့တွေက စီစဉ်ပြီး လက်မှတ်ရောင်းချရငွေ အားလုံးကို မတရားမှု တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့် ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“လုံးဝထင်မှတ်မထားတဲ့ ရလဒ်ပါ။ 96 Hours အတွင်း ဆန်ရေလက်မှတ် 7081 လေးရက်အတွင်း အမေရိကန်ဒေါ်လာ ၇ သိန်းကျော် Fundraise လုပ်နိုင်ခဲ့တယ်။ Cheers Day 5 ဆက်ဆွဲရအောင်။”

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန် ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း ကမ်ပိန်းတွေအမျိုးမျိုးလုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုထိန်လင်းက ဆန်ရေProject မှာ ပါဝင်ပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပိုစ့်ကဒ်လေးတွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေးမယ်လို့ ဆိုပါတယ်။

“တစ်ခါပဲ လက်မှတ်ထိုးပြီး ပွါးလိုက်တဲ့ Electronic Signature အမျိုးအစားမျိုး မဟုတ်ဘဲ တစ်ယောက်ချင်းစီရဲ့ နာမည်နဲ့ Actual လက်မှတ်လေးကို ကိုယ်တိုင်ထိုးပေးမှာပါ။ ဒါပေမယ့် လက်မှတ်တစ် စောင်ချင်းစီကို ကိုထိန်လင်းရဲ့ လက်မှတ်ရေးထိုးပေးဖို့ဆိုရင် ထောင်ချီသောင်းချီထိုးရမှာမို့ လက်မှတ်(၁၀)စောင် ဝယ်ယူသူတိုင်းကို Thank You Letter လေး Signထိုးပြီး ပေးပို့မယ်လို့ စီစဉ်လိုက်ကြပါတယ်။ လက်မှတ်ဝယ်ယူသူတစ်ယောက်ချင်းစီကို Signထိုးပေးပို့ချင်ပေမယ့် ကိုထိန်လင်းကို ဝန်ပိစေမယ့်ကိစ္စမို့ အခုလိုစီစဉ်ရတာကို နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်ရှင်။ Day1, Day 2, Day 3 မှာ ဝယ်ယူကြတဲ့ လက်မှတ်များ အားလုံးလည်း အကျုံးဝင်ပါတယ်။ လူတစ်ယောက်တည်းက ဝယ်ယူတဲ့လက်မှတ်(၁၀)စောင် ဖြစ်မယ်ဆိုရင် ကိုထိန်လင်းရဲ့ မူရင်းSignature ပါဝင်တဲ့ ပိုစ့်ကဒ်လေးကို ရရှိမှာ ဖြစ်ပါတယ်။ Actual Card လက်ခံရယူချင်သူများကို ပေးပို့စေချင်တဲ့လိပ်စာဆီ တကယ့်ပိုစ့်ကဒ်လေးတွေ ပေးပို့သွားမှာဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေအရ လတ်တလောမှာ Actual Card မရယူနိုင်သေးသူများအတွက် Electronic Card လေးတွေ အရင်ပေးပို့သွားမှာ ဖြစ်ပြီး တော်လှန်ရေးအောင်မြင်ပြီးတဲ့အခါ Actual Card လေးတွေ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။”

အခု “ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်မှာတော့ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်ကို  အောက်ပါ လင့်ခ်တွေမှာ သွားရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013