DVB Logo
Home
မြန်မာသတင်း
မုံရွာထောင်တွင်း အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး သက်သေရထားဟု မုံရွာသပိတ်ကော်မတီ ပြော
DVB
·
August 27, 2022
မုံရွာထောင်တွင်း အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး သက်သေရထားဟု မုံရွာသပိတ်ကော်မတီ ပြော
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့ အကျဉ်းထောင်မှာ အခုလတတိယပတ်က နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြတဲ့အပေါ် ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့တယ်ဆိုတဲ့ သက်သေတွေကို ရရှိထားပြီလို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

မုံရွာအကျဉ်းထောင်မှာ ဩဂုတ် ၁၄ ရက်က နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ ခဲ့တာကြောင့် ထောင်တွင်း မငြိမ်သက်တာတွေဖြစ်ခဲ့တယ်လို့ အဆိုပါထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ တကိုယ်ရေသုံးပစ္စည်းတွေ၊ မိသားစုနဲ့ ဆက်သွယ်ထားတဲ့ပုဂ္ဂိုလ်ရေး ဓာတ်ပုံတွေနဲ့ စာတွေကို စစ်ကောင်စီ၊ ရဲနဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေက ရှာဖွေ သိမ်းဆည်းရာ ကနေ ထောင်တွင်း မကျေလည်တာတွေ စခဲ့တာပါ။

အခုလိုဖြစ်နေချိန် ဩဂုတ် ၂ ရက်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို မုံရွာထောင်ကနေ တခြားထောင်တွေကို စစ်ကောင်စီက ပို့လိုက်တာကြောင့် ထောင်တွင်းအစာငတ်ခံဆန္ဒပြတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ 

ဒီအခြေအနေတွေကြောင့် ဩဂုတ်တတိယအပတ်မှာ နိုင်ငံရေးကျဉ်းသားတွေက အစာငတ်ခံဆန္ဒပြ ခဲ့တာကို စစ်ကောင်စီနဲ့အကျဉ်းဦးစီးဌာနရဲ့ ထောင်တွင်းအကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

“မုံရွာထောင်တွင်းဖြစ်ပွားခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဝန်ထမ်း တယောက်၊ တရားရေးဝန်ထမ်‌တယောက်နဲ့ ထောင်တွင်းသတင်းပေးတွေဆီကနေ ခိုင်လုံတဲ့ သက်သေတွေရ ထားတာပါ။”

ဒါအပြင် မုံရွာအကျဉ်းထောင်တွင်းတရားရုံးက ဩဂုတ် ၁၂ ရက်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပုဒ်မ ၅၀၅ အမှု ၅ မှုအတွက် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာကလည်း ထောင်တွင်း မတည်ငြိမ်မှုတွေရဲ့ အကြောင်းရင်းတခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာအကျဉ်းထောင် အမျိုးသမီးဆောင်တွေ၊ ရေချိုးခန်းနဲ့ သန့်စင်ခန်းတွေမှာ အကျဉ်းဦးစီးက ဗွီဒီယိုကင်မရာတွေ တပ်ထားတာ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားတာ၊ LGBT အကျဉ်းသားတွေကို အကြမ်းဖက်အနိုင်ကျင့်တာတွေလည်း ရှိနေတယ်လို့ ကိုမြင့်မြတ် (မုံရွာသပိတ်ဦးဆောင်ကော်မတီ)က ပြောပါတယ်။

အခုလို အခြေအနေတွေကို မကျေနပ်တဲ့ HS ကျောင်းသားသစ္စာအဖွဲ့ဝင် ကျောင်းသား ၄ ယောက်က အစာငတ်ခံဆန္ဒပြတာကို ဦးဆောင်ခဲ့ပြီး အချက် ၉ ချက် တောင်းဆိုခဲ့ချိန်မှာ  ကျန်နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်ကလည်း ထောင်က ကျွေးတာကိုမစားဘဲ ကိုယ်ပိုင်အစာပဲ စားပြီး Semi hunger strike အဖြစ် ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြဿနာတွေဖြစ်ပွားပြီး ၂ ရက်အကြာမှာတော့ ထောင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေကနေ ပြေလည်မှု ပြန်ရခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း အမှုရင်ဆိုင်နေရသူ ၁၂၀၀၀ ကျော်ရှိနေပြီး ပြည်သူ ၂၂၀၀ ကျော် အကြမ်းဖက်သတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013