ရှမ်း -ကယားနယ်စပ် မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၂၂ မှ ကင်းပုန်းချထားတဲ့နေရာ ၂ ခုကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF - B1 က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရသွားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ညနေ ၃ နာရီလောက်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို MBPDF -B01 နဲ့ KNDF တပ်ရင်း ၃ ၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၁ နာရီလောက်အကြာ တိုက်ပွဲဖြစ်ခဲ့ကာ ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး စစ်ကြောင်းထိုးနေတာကြောင့် ရှေ့ဆက်ပြီး တိုက်ပွဲပိုပြင်းထန်လာနိုင်လို့ တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။