DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ချည်မျှင်နှင့်အထည်စက်ရုံတာဝန်ခံ ဗိုလ်မှူးအား ဝင်ဖမ်းစဉ် အပြန်အလှန်ပစ်ခတ်၊ ဗိုလ်မှူး ဒဏ်ရာရပြီး ဇနီးဖြစ်သူသေဆုံး
DVB
·
August 26, 2022
ပခုက္ကူ ချည်မျှင်နှင့်အထည်စက်ရုံတာဝန်ခံ ဗိုလ်မှူးအား ဝင်ဖမ်းစဉ် အပြန်အလှန်ပစ်ခတ်၊ ဗိုလ်မှူး ဒဏ်ရာရပြီး ဇနီးဖြစ်သူသေဆုံး
Donate to DVB

ပခုက္ကူမြို့သစ် အမှတ် ၅ ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံကို သြဂုတ် ၂၆ ရက် မနက်ပိုင်းမှာ Young Force UG က ဝင်ရောက်ဖမ်းဆီးရာ သေနတ်နဲ့ ပြန်လည်ခုခံလို့ အပြန်အလှန် ပစ်ခတ်ရာ ဗိုလ်မှူး ဒဏ်ရာအပြင်းထန်ရရှိပြီး ဇနီးဖြစ်သူက ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ Young Force UG က ပြောပါတယ်။

Young Force UG တပ်ဖွဲ့က ဒီနေ့ မနက် သွားရောက်ဖမ်းဆီးရာ MA1 လို့ ယူဆရတဲ့ သေနတ်နဲ့ ပြန်လည်ခုခံလို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ Young Force UG ပြန်ကြားရေးတာဝန်ခံ ကို YT က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က အစကတော့ ဖမ်းဖို့ပဲသွားတာဗျ။ သူက သေနတ်နဲ့ ပြန်ခုခံတော့ လက်နက်ချ အညံ့ခံဖို့ အော်ပြောပေမဲ့ သူ့မိန်းမကိုပါ ပြန်ကူပစ်ခိုင်းတဲ့အသံ ကြားရလို့ ပြန်လည်ပစ်ခတ်လိုက်တာပါ။ ပစ်ခတ်မှုဖြစ်ပြီး ၅ မိနစ်လောက်နေတော့ နောက်ကနေ စစ်ကူတွေလိုက်လာလို့ ကျနော်တို့လည်း ပြန်လည်ဆုတ်ခွာခဲ့တယ်။ အဲဒီဗိုလ်မှူးကတော့ ပခုက္ကူဆေးရုံမှာ သေသွားပြီလို့ သတင်းတွေလည်းကြားတယ်။ မသေသေးဘဲ နေပြည်တော်ဆေးရုံကို လွှဲပြောင်းထားတယ်လို့လည်း သတင်းတွေရပြီး အတိအကျတော့ အတည်မပြုနိုင်သေဘူး။”

သူ့ကိုဖမ်းရတာကတော့ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက စက်ရုံမှာ CDM လုပ်တဲ့ သူတွေကို ဖိအားပေးတာ၊ Non CDM လုပ်ဖို့ပြောတာ၊ Non CDM မလုပ်တဲ့သူတွေကိုလည်း စက်ရုံဝန်းထဲမှာ မနေဖို့ ခြိမ်းခြောက်ဖိအားပေးတာတေွ လုပ်နေတယ်ဆိုပြီး တိုင်ကြားလာလို့ မြေပြင်အခြေအနေကို လေ့လာစုံစမ်းပြီးမှ ဖမ်းဆီးဖို့ သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

သူ့ဆီကနေ ကားတစီး၊ လက်ပ်တော့တလုံး၊ လူကြီးခရီးစဥ်တွေမှာ လမ်းကြောင်းအတွက် ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်တအုပ်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013