DVB Logo
Home
မြန်မာသတင်း
ကမာရွတ်ရှိ TT Diamond Jewellery စိန်ဆိုင် ဓားပြတိုက်ခံရ
DVB
·
August 25, 2022
ကမာရွတ်ရှိ TT Diamond Jewellery စိန်ဆိုင် ဓားပြတိုက်ခံရ
Donate to DVB

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ် ၂၀၂ ရှိ TT Diamond Jewellery စိန်ဆိုင်ကို ဒီနေ့ သြဂုတ် ၂၅ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်ခဲ့ပြီး သိန်း ၁၀၀ တန်ဖိုးရှိ ဆွဲကြိုးအကုံးနှစ်ဆယ် ပါသွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတွေတွေက ပြောပါတယ်။

TT Diamond Jewellery စိန်ဆိုင်အတွင်း မတ်စ်ခ် အနီတပ်ထားတဲ့ လူငယ်နှစ်ယောက် ဝင်လာပြီး တယောက်က ပစ္စတိုသေနတ်၊ တယောက်က ဓားမြှောင်ကိုင်ဆောင်ကာ ခြိမ်းခြောက်ပြီး ပလက်တီနမ်ရွှေဆွဲကြိုး အကုံး ၂၀ ယူသွားခဲ့တာလို့ ဆိုပါတယ်။

“တဦးက သေနတ်နဲ့ချိန်ပြီး တဦးက ဓားမြှောင်နဲ့ထောက်ထားတာ၊ ဆွဲကြိုးအကုံး ၂၀  ပါသွားတယ်။ တကုံးကို သိန်း ၁၀၀ နီးပါးရှိတယ်။”

TT Diamond Jewellery စိန်ဆိုင် ဓားပြတိုက်ခံရတာ မှန်ကန်ပြီး သိန်း ၂,၀၀၀ နီးပါး ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“သူတို့က ပစ်တာခတ်တာ မလုပ်ဘူး၊ ပစ္စည်းတွေယူပြီး ဆိုင်က ပြန်ထွက်ခါနီး မီးခိုးဗုံးနဲ့ပစ်တယ်။ အပြင်မှာ ဗုံးပုံစံထောင်သွားတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ ဗဟိုလမ်းမကြီးတလျှောက်မှာ လမ်းသွားလမ်းလာနဲ့ ကားတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013