DVB Logo
Home
မြန်မာသတင်း
BEGSC ဗဟိုကော်မတီဝင် ဆရာမ ဒေါ်သက်ဆုလှိုင်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်
DVB
·
August 23, 2022
BEGSC ဗဟိုကော်မတီဝင် ဆရာမ ဒေါ်သက်ဆုလှိုင်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်
Donate to DVB

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ဩဂုတ် ၁၇ ရက်နေ့မှာ ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၅ နှစ် ကျခံဖို့ မျက်ကွယ် အမိန့်ချမှတ်ခဲ့ပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုကာ တရားရုံးမှာ ရုံးထုတ်ခြင်းမရှိဘဲ အမိန့်ချခဲ့တာလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆရာမဒေါ်သက်ဆုလှိုင်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ညပိုင်းက မန္တလေးမြို့ရှိ နေအိမ်တခုမှာ အခြား BEGSC ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဆရာနောင်ထက်အောင်၊ ဆရာနိုင်းသီဟကျော်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) က ကိုရန်စိုးပိုင်တို့နဲ့အတူ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

မတရားဖမ်းဆီးခံရပြီးနောက်မှာ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၂(က)၊ အောင်မြေသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ စွဲဆိုထားသော ပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၅ နှစ်ကို မတရားမျက်ကွယ်ချမှတ်ခံရတာဖြစ်ပြီး အောင်မြေသာစံမြို့နယ်မှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) အတွက်ကို အမိန့်ချတာ မရှိသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) က ထုတ်ပြန်ထားပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဆရာနိုင်းသီဟာကျော်ကိုလည်း ဩဂုတ်လ ၁၇ ရက်နေ့က ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၅ နှစ် နဲ့ ဩဂုတ် ၁၁ ရက်နေ့ က ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၃ နှစ်  မျက်ကွယ် အမိန့်ချမှတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင်ဖြစ်သူ ကိုရန်စိုးပိုင်ကို မဟာအောင်မြေတရားရုံးက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် တရားလိုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်းမရှိဘဲ တရားရေးလုပ်ထုံးလုပ်နည်းအားလုံးကိုလွန်ဆန်ကာ မတရားမျက်ကွယ်မိန့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013