DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA-PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်
DVB
·
August 23, 2022
ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်  KIA-PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ KIA-PDF ပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ကသာမြို့နယ် ပကဖ အဖွဲ့ကထုတ်ပြန် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၇ ရက်လောက်ကတည်းက တပ်စွဲထားတဲ့ အင်အား  ၇၀ လောက်ပါတဲ့ ငါးအိုး (၁၂၁) စစ်ကောင်စီတပ်ကို   ကေအိုင်အေ တပ်ရင်း(၁၂ ) လက်အောက်ခံ  Kachin PDF နဲ့ ကသာမြို့နယ် ပကဖ၊ တိုက်နယ်၊ ရပ်ကျေး ပကဖ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအချိန် ၂ နာရီကျော်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ ပိတ်မိနေတာကြောင့် ကသာမြို့ (၃၀၉) တပ်ရင်းကနေ ၁၂၀-မမ လက်နက်ကြီးနဲ့ ဧရာဝတီမြစ်ကို ကျော်ကာ ပစ်ကူပေးခဲ့တယ်လို့ ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ထွက်မရအောင် ပိတ်မိနေတာကြောင့် မြစ်ကြီးနားက ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဘန့်ဘွေးကုန်းရွာကို နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဗုံးလာကြဲခဲ့တယ်။ စကစတပ်သားတွေ ဘန့်ဘွေးကုန်းကျေးရွာကို မီးရှို့ပြီး ရွာထဲက ထွက်နိုင်ဖို့လည်း လုပ်ဆောင်ခဲ့ကြတယ်”လို့ ကသာမြို့နယ် ပကဖအဖွဲ့က ပြောပါတယ်။

တိုက်ပွဲမှာ Kachin PDF ရဲဘော် ၄ ယောက်  မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး မြေပြင်က ပြည်သူတွေနဲ့ ရှေ့တန်းက ရဲဘော်တွေရဲ့ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပကဖ ဘက်ကပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီလောက်မှာ ဘန့်ဘွေးကုန်း ဆိပ်ကမ်းမှာ သံခွန်ရေယာဉ်ငယ်နဲ့ အလောင်းတွေ လာရောက်သယ်ယူသွားတယ်လို့ ဒေသခံတွေထံက သိရတယ်လို့ ပကဖအဖွဲ့ကဆိုပါတယ်။

စစ်ကောင်စီတပ်က ရွာထဲ စဝင်တုန်းက ၄၈ ယောက်လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာဖြစ်ပြီး တိုက်ပွဲပြီးချိန်မှာ အလောင်းတွေကို သံခွန်စက်လှေငယ်ပေါ်ထပ်တင်ထားကာ အသက်ရှင် ကျန်ရစ်သူ ၆ ယောက်လောက်သာ စက်လှေပေါ်တက်နိုင်တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရှိရတယ်လို့ ကသာမြို့နယ် ပကဖအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။

ကသာမြို့နယ်ပကဖအဖွဲ့က  "လာရောက်ပစ်ကူတဲ့ လေယာဉ် နှစ်စီးကလည်း သူတို့လူတွေကို မှားပစ်တာ သေချာတယ်။ ရွာပြင်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို စက်သေနတ်နဲ့ အဆွဲခံရလို့ အော်ဟစ်ဆဲသံတွေနဲ့ စကစတပ်သားတွေ သေဆုံးကြတယ်။ မနက်ကတည်းက ကာကွယ်ရေးတပ်ပေါင်းစုကလည်း လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အတော်များများ သေဆုံးနိုင်တယ် "လို့ပြောပါတယ်။

သေတဲ့ စစ်ကောင်စီတပ်သားတွေကို  ရေထဲပစ်ချတယ်၊ ဘန့်ဘွေးကုန်း တစ်ဘက်ကမ်း ရေလည်ကျွန်းတွေပေါ်မှာ အလောင်း‌တွေဖျောက်ပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးကုကြတယ်လို့လည်း ကသာမြို့နယ် ပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013