DVB Logo
Home
မြန်မာသတင်း
အမှုဖွင့်ခံထားရသည့် ANP လွှတ်တော်အမတ်ဟောင်း ၂ ဦးနှင့် NLD အမတ်ဟောင်းအချို့ နိုင်ငံရေးပင်စင် မရ
DVB
·
August 20, 2022
အမှုဖွင့်ခံထားရသည့် ANP လွှတ်တော်အမတ်ဟောင်း ၂ ဦးနှင့် NLD အမတ်ဟောင်းအချို့ နိုင်ငံရေးပင်စင် မရ
Donate to DVB

ရခိုင်ပြည်နယ်မှာ  ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော်အမတ်ဟောင်း နှစ်ယောက်နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)  အမတ်ဟောင်းတချို့တို့ နိုင်ငံရေးပင်စင်ခံစားခွင့်မရရှိဘူးလို့ ကာယကံရှင်တွေထံက သိရပါတယ်။

အမှုဖွင့်ခံထားရလို့ နိုင်ငံရေးပင်စင်ခံစားခွင့်မရတဲ့ ANP လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှစ်ယောက်ကတော့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသန်းမောင်ဦးနဲ့  ဘူသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံတို့ ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက “စစ်ကောင်စီကပေးတဲ့ နိုင်ငံရေးပင်စင်ခံစားခွင့်မရရှိဘူး။ ၆၆(ဃ)နဲ့ အမှုဖွင့်ခံခဲ့ရတာကို ရဲကပြည်ထဲရေးဌာနကို တင်ပြလိုက်တာ။ အဲ့ဒါကြောင်းမရတာ။ ရမ်းဗြဲကပြည်နယ်လွှတ်တော်အမတ်လည်း မရဘူး။ နောက် အန်အယ်လ်ဒီ အမတ်တွေလည်း မရကြဘူး။"လို့ ပြောပါတယ်။

လွှတ်တော်အမတ် ဦးမောင်ကျော်ဇံဟာ ၂၀၁၉ ခုနှစ်က ကင်းတောင်မွတ်ဆလင်ကျေးရွာမှာ လက်ကြီးကျပြီး ကျောင်းသားတွေသေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ  အေအေကပစ်တာမဟုတ်ဘဲ စစ်တပ်က ပစ်တာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့လို့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ  ၆၆(ဃ)နဲ့  အမှုဖွင့်ခံခဲ့ရတာပါ။

ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးကတော့ ပညာရေးအောင်ချက်တွေ မှားယွန်းစွာ လူမှုကွန်ရက်မှာ တင်ခဲ့တယ်ဆိုပြီး ပုဒ်မ  ၆၆(ဃ)နဲ့ အမှုဖွင့်ခံရတာပါ။

နိုင်ငံရေးပင်စင်ပေးရာမှာ (စစစ)၊ (SP) နဲ့ ရဲတပ်ဖွဲ့က လွှတ်တော်အမတ်အမတ်တွေ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံပြီးမှသာ နိုင်ငံရေးပင်စင်ထုတ်ပေးတာဖြစ်တယ်လို့ အမတ်ဟောင်းတွေထံက သိရပါတယ်။

NLD အမတ်ဟောင်းတစ်ဦးကတော့ "တစ်နိုင်ငံလုံး NLD အမတ်အများစု နိုင်ငံရေးပင်စင်မရကြဘူးလို့ သိရတယ်။ CDM နဲ့ ကင်းရှင်း​ကြောင်း စစ်ဆေးတွေ့ရှိတဲ့ အမတ်တွေတော့ ရကြတယ်"လို့ ပြောပါတယ်။

နိုင်ငံရေးပင်စင်ပေးရာမှာ ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ကျပ် သိန်း ၅၀ ၊ ပြည်နယ်နဲ့ တိုင်းဒသကြီးလွှတ်တော်အမတ်တွေကို  ကျပ် ၂၅ သိန်း စီပေးအပ်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ၃၅ ယောက်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် လူပေါင်း  ၉၀၆ ယောက်ကို  နိုင်ရေးပင်စင်အဖြစ် ငွေကျပ် သန်း  ၄၀၄၀  ပေးအပ်ခဲ့ကြောင်း သြဂုတ် ၁၆ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013