DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားအဖွဲ့များ တောင်းဆိုမည်
DVB
·
August 19, 2022
အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားအဖွဲ့များ တောင်းဆိုမည်
Donate to DVB

စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြှင့်တက်လာတဲ့ အထွေထွေကုန်ဈေးနှုန်းကို ကာမိဖို့အတွက် အနိမ့်ဆုံးလုပ်ခလစာအား တိုးမြှင့်ပေးဖို့ အလုပ်သမား အဖွဲ့အစည်းအသီးသီးက စုပေါင်း တောင်းဆိုသွားမယ်လို့ သမဂ္ဂအဖွဲ့ဝင်တွေက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတဦးအတွက် အခြေခံအနိမ့်ဆုံး လုပ်ခလစာမှာ တရက်ကို ၄၈၀၀ ကျပ်နှုန်း သတ်မှတ်ထားတာပါ။ ဒီ့အပြင် အနိမ့်ဆုံးလုပ်ခလစာဥပဒေပါ ပြဋ္ဌာန်းချက်အရ အလုပ်သမားတွေရဲ့လုပ်ခလစာကို ၂ နှစ်လျှင် တကြိမ် ပြောင်းလဲပြင်ဆင်ဖို့ ခွင့်ပြုပေးထားပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့ တရက်ကို ၄၈၀၀ ကျပ်နှုန်းနဲ့ အခြေခံ အနိမ့်ဆုံးလုပ်လစာဟာ ခေတ်ကာလ အခြေအနေ နဲ့ ကိုက်ညီမှု မရှိတဲ့အပြင် သက်တမ်းအားဖြင့်လည်း ကျော်လွန်နေလို့ အလုပ်သမာအဖွဲ့အစည်းတွေက ထောက်ပြပြောပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတဦးက “အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးရမယ့် ကာလက ကျော်လွန်နေပြီနော်။ ရှင်းရှင်းပြောရရင် ၄၈၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထားတဲ့ဟာက ၂၀၂၀ မေမှာ သက်တမ်းပြည့်သွားပြီးဖြစ်လို့ အခုဆိုရင် နောက်ထပ် ၂ နှစ်တောင် ကျော်နေပြီ။ ဒါကလည်း အစိုးရက သတ်မှတ်ပေးရမှာနော်။ ဥပမာပြောရရင် ၄၈၀၀ ကျပ် ကို ၆၀၀၀ ကျပ်နှုန်း ပြောင်းတယ်ပဲ ထားဦး။ တနေ့ ကို အလုပ်သမားတယောက်ရဲ့လုပ်ခက ၁၂၀၀ လျှော့နေတယ်။ ဆိုတော့ အလုပ်သမားထုက ၅ သိန်း ရှိတယ်ဆိုရင် တနေ့ကို နစ်နာဆုံးရှုံးက သိန်းထောင်ချီ ရှိတာပေါ့။ ဒါက အလုပ်သမား တွေရဲ့လုပ်အားခအပေါ်မှာ အလုပ်ရှင်က ခေါင်းပုံဖြတ်ထားတာ။ ဒီဟာကို အစိုးရက တာဝန်ယူလုပ်ပေးရမှာနော်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ အာဏာသိမ်းစစ်ကောင်စီက နှုတ်ဆိတ်နေတာကြောင့် သမဂ္ဂအဖွဲ့အစည်းတွေဟာ စုပေါင်းပြီး အလုပ်သမားထုအတွက် တောင်းဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့ သမဂ္ဂခေါင်းဆောင်တွေက ဆိုပါတယ်။

သမဂ္ဂခေါင်းဆောင်တဦးက “ကျမတို့ အဓိက ပစ်မှတ်ထားတာက နာမည်ကြီးအမှတ်တံဆိပ်(brand) ရှိတဲ့လုပ်ငန်းတွေကို အနိမ့်ဆုံးလုပ်ခလစာ တိုးပြီး ပေးနိုင်မလား။ ဒါမှမဟုတ် နေထိုင်မှုစရိတ်အတွက် ပမာဏ တခုသတ်မှတ်ပြီး ပေးနိုင်မလား ဆိုပြီး တောင်းဆိုကြမယ်။ ဒါပေမဲ့ ပြောရတာလည်း ခက်တော့ခက်တယ်။ ဘာလို့လဲဆို ကျမတို့ဘက်က အသံတောင် မထွက်သေးဘူး။ အလုပ်ရှင်တွေက အလုပ်မကောင်းလို့ ဘင်္ဂလားဒေ့ရှ်ဘက် ရွှေ့မယ်ဆိုပြီး အသံတွေ ပစ်လာတယ်။ အဲဒီအသံတွေကြောင့် အလုပ်သမားတွေဘက်ကလည်း အသံထွက်ဖို့ ကြောက်နေကြတယ်။ ဒါပေမဲ့ ကျမတို့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့က ဒါကို သိပ်မကြာခင်မှာ တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီး ၁၈ လအကြာမှာ မြန်မာအလုပ်သမား ၁ သန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ILO အဖွဲ့ကြီးမှ အခုနှစ် သြဂုတ်လဆန်းမှာ ထုတ်ပြန်ထားတာပါ။ အလုပ်သမားတွေ အခုလို အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး စားဝတ်နေရေး အလွန်အကျွံ ကျပ်တည်းလာတဲ့ အခြေအနေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အခက်အခဲ ပိုကြုံနေရတယ်လို့ ILO ကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013