DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ အနိမ့်ဆုံးလုပ်ခလစာ တိုးမြင့်မှု ဆိုင်းငံ့ပေးရန် တောင်းဆို
DVB
·
December 13, 2020
ကိုဗစ်ကာလ အနိမ့်ဆုံးလုပ်ခလစာ တိုးမြင့်မှု ဆိုင်းငံ့ပေးရန် တောင်းဆို
Donate to DVB

ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်ပအမှာတွေ လျော့ကျပြီး လုပ်ငန်းတွေ ဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းနေချိန် အနည်းဆုံးအခကြေးငွေ တိုးမြှင့်သတ်မှတ်လိုက်ပါက လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေနိုင်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေကိုရောက်သွားနိုင်တာကြောင့် ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးဖို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မေလမှာ အနည်းဆုံးအခကြေးငွေနှုန်းထားကို ၃,၆၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ်ကို တိုးမြှင့်လိုက်စဉ်က ဒေါ်လာငွေလဲနှုန်းဟာ မြင့်တက်လာခဲ့တဲ့အတွက် လုပ်ငန်းရှင်တွေ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး၊ အခုအခါမှာ ကိုဗစ်ကြောင့် ဒေါ်လာငွေလဲနှုန်း မြင့်တက်လာမှာကိုလည်း မျှော်လင့်မရနိုင်တဲ့အတွက် အနည်းဆုံးအခကြေးငွေ နှုန်းထားကို ထပ်မံတိုးမြှင့်သတ်မှတ်ပါက လုပ်ငန်းရှင်တွေ အခက်အခဲတွေ့လာနိုင်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

အနည်းဆုံးအခကြေးငွေကို နှစ်နှစ် တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်လို့ ပြီးခဲ့တဲ့ မေလဟာ ဥပဒေအရ ပြန်လည်ပြင်ဆင်သတ်မှတ်ရမယ့်ကာလ ဖြစ်ပါတယ်။

ထပ်မံပြင်ဆင်မယ့် အနည်းဆုံး အခကြေးငွေအတွက် ရန်ကုန်တိုင်းဒေသကြီးမှာ ကျပ် ၇,၂၀၀ အထိ သတ်မှတ်ပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေက တင်ပြမှုတွေ ရှိပါတယ်။ 

သတင်း - စိုးချစ်ချစ်ပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013