DVB Logo
Home
မြန်မာသတင်း
မြန်အောင်က CDM ဆရာမနှင့် ခင်ပွန်းတို့ကို ဖမ်းဆီးထားဟု စစ်ကောင်စီထုတ်ပြန်
DVB
·
August 17, 2022
မြန်အောင်က CDM ဆရာမနှင့် ခင်ပွန်းတို့ကို ဖမ်းဆီးထားဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က CDM ဆရာမတယောက်နဲ့ ခင်ပွန်းဖြစ်သူတို့ကို ဒလန်ရှင်းရာမှာ ပါဝင်ပတ်သက်သူတွေအဖြစ် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ကညင်ငူကျေးရွာမှာ နေထိုင်တဲ့ ကိုဝေပိုင်ဖြိုးနဲ့ သူ့ဇနီး ဒေါ်စံပယ်အောင်အောင်တို့ကို ဩဂုတ် ၁၃ ရက်က သူတို့ရဲ့အိမ်မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားတာပါ။

ကိုဝေပိုင်ဖြိုးဟာ ၂၀၂၁ ခုနှစ်က မြန်အောင်မြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၄ လ ကျခံရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

သူအဖမ်းခံရတာဟာ တရွာတည်းနေတဲ့ ကြံ့ခိုင်ရေးပါတီဝန်းရံသူ မသန္တာစိုးက တိုင်ကြားတာကြောင့်လို့ ယူဆပြီး ထောင်ကလွတ်လာချိန်မှာ ရိုးမဧရာအဖွဲ့က ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ဒလန်လို့ စွပ်စွဲလုပ်ကြံခိုင်းခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ကိုဝေဖြိုးပိုင်ရဲ့ ဇနီးဖြစ်သူ မစံပယ်အောင်အောင်ကတော့ မြန်အောင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ဗလန်းစိန်) မှာ တာဝန်ထမ်းဆောင်လျက်ရှိရာမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ CDM ပြုလုပ်ပြီး မြန်အောင်မြို့နယ်ထဲက ရွာတွေမှာ တိမ်းရှောင်နေရင်း ခင်ပွန်းနဲ့အတူ ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ သတင်းပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။

သူတို့ဟာ ရိုးမဧရာအဖွဲ့က ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်ကို Wave Money ကတဆင့် ငွေကျပ် ၃ သိန်း လွှဲပြောင်းပေးပြီး လုပ်ကြံသတ်ဖြတ်တာတွေလုပ်ဖို့ စေခိုင်းခဲ့တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

ရိုးမဧရာအဖွဲ့က ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နဲ့ အဇ္ဇတို့ ၂ ယောက်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေ ရဲစခန်းရှေ့မှာ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ပြီး ရဲတယောက်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့သလို ဩဂုတ် ၆ ရက်နေ့မှာ ကညင်ငူရွာက မသန္တာစိုးကို ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နဲ့ ငြိမ်းခန့်လင်း (ခ) တရုတ်ကြီးတို့ ၂ ယောက်က ပစ္စတိုနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မသန္တာစိုးဟာ စစ်ကောင်စီကို သတင်းပေးတာ၊ စစ်ကောင်စီအတွက် ဖဲဝိုင်းတွေထောင်ပြီး ငွေရှာပေးတာ၊ ရပ်ရွာထဲက စစ်အာဏာရှင်ဆန့်ကျင်သူတွေကို သတင်းပေး ဖမ်းဆီးစေတာတို့ကြောင့် သုတ်သင်ရှင်းလင်းခဲ့တာလို့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့နဲ့ ရိုးမဧရာဝတီ PDF တို့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီက ထုတ်ပြန်ထားသောပုံများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013