DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဖမ်းထားသည့် ဂျပန်သတင်းထောက် ယနေ့ည ပြန်လွတ်ဖွယ်ရှိ
DVB
·
August 16, 2022
စစ်ကောင်စီ ဖမ်းထားသည့် ဂျပန်သတင်းထောက် ယနေ့ည ပြန်လွတ်ဖွယ်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ဂျပန်လူမျိုး Mr.Toru Kubota ကို ၁၆ ရက် ဒီနေ့ည အစောပိုင်းမှာ ပြန်လွှတ်ပေးနိုင်တယ်လို့ ဂျပန်အခြေစိုက် အဆဟီတီဗွီသတင်းက ကြေညာပါတယ်။

ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ Mr.Toru Kubota ကို ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတို့နဲ့ တရားစွဲဆိုထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ပြန်လည်တည်ဆောက်ရေးဝန်ကြီးဟောင်း အောက်လွှတ်တော်အမတ် Mr.Hiromichi Watanabe ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံခဲ့စဉ်က မကြာမီကာလအတွင်း မစ္စတာ Kubota ကို လွှတ်ပေးမယ်ဆိုပြီး စစ်ကောင်စီက ကတိပြုခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ရက် SNS မှာ ဒီနေ့ ရေးသားဖော်ပြခဲ့ပါတယ်။

အင်းစိန်ထောင်တွင်း ရောက်ရှိနေတဲ့ မစ္စတာ Kubota ရဲ့ တရားရုံးချိန်းကို ဒုတိယအကြိမ် ဒီနေ့ ကြားနာဖို့ စီစဉ်ထားကာ စီရင်ချက်ချပြီးနောက် ချက်ချင်း ဂျပန်နိုင်ငံကို ပြည်နှင်ဒဏ်ပေးခံရဖွယ် ရှိတယ်လို့ နီးစပ်တဲ့အသိုက်အဝန်းက သိရကြောင်း အဆဟီသတင်းက ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလတုန်းကလည်း ဂျပန်လူမျိုးသတင်းထောက် Mr. Kitazumi Yuki ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေမှုအပါအဝင် စွဲချက်တွေနဲ့ အမှုအတင်ခံခဲ့ရကာ သူ့ကို လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုပြီး တလအကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။

လက်ရှိ အင်းစိန်ထောင်မှာ ရောက်ရှိသူ Mr.Toru Kubota ကို စွဲဆိုထားတဲ့ ပုဒ်မ -၁၃(၁) မှာ အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ကတော့ ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013