DVB Logo
Home
မြန်မာသတင်း
မောင်တော-အငူမော် ကားလမ်းတလျှောက် စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ ဒေသခံ ၅၀၀ ကျော် ထွက်ပြေး
DVB
·
August 15, 2022
မောင်တော-အငူမော် ကားလမ်းတလျှောက် စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ ဒေသခံ ၅၀၀ ကျော် ထွက်ပြေး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်ကားလမ်းတလျှောက် သြဂုတ်လ ၁၄ ရက်နေ့မနက်မှစပြီး စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးနေကြတယ်လို့ ချိန်ခါလီကျေးရွာသားတဦးက ပြောပါတယ်။ 

“မနေ့က အငူမော်ကနေ ကမ်းထိုးစစ်ရေယာဥ်နဲ့ စစ်သား အင်အား ၁၀၀ ကျော် ခြေလျင်တက်လာတယ်။ ဒီနေလည်း အင်အား ၇၀ ကျော်အင်အားဖြည့်လာတယ်။ ဒါကြောင့် လမ်းတလျှောက် ကျေးရွာတွေက ရွာသူရွာသားတွေ တိုက်ပွဲပြင်းထန်လာမှကို ကြောက်လို့ မေယုတောင်ကိုကျော်ပြီး စေတီပြင်ကမ်းဘက်ကို ထွက်ပြေးနေကြရတယ်။”

မောင်တော-အငူမော် ကားလမ်း ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးမှာ သြဂုတ် ၁၃ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်စွာ​ဖြစ်ပွားခဲ့ပြီး စစ်ကူလာတဲ့ စစ်ကောင်စီကားပါ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာကြောင့် အခုလို စစ်အင်အားဖြည့်တင်းပြီး စစ်ဆင်ရေး ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

သြဂုတ် ၁၄ ရက်နေ့က ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်မှာ မေယုကမ်း အရှေ့ဘက်  သံ​ချောင်၊ သရက်​ချောင်း၊ ​အောင်ဆိပ် စတဲ့ ကျေးရွာတွေရှိ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး သြဂုတ် ၁၅ ရက် ဒီနေ့မှာလည်း သက်ကြီးရွယ်အိုတွေ အပါအဝင် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော် စေတီပြင်ဘက်ကို မေယုတောင်ကျော်ပြီး ပြေးလာနေကြရတယ်လို့ စေတီပြင်ပရဟိတ္တလူငယ်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့က ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ကျနော်တို့အဖွဲ့က အလှူရှင်တွေ လှူထားတဲ့ အခင်းဖျာတွေ အဝတ်အထည်တွေ စားနပ်ရိက္ခာတွေ ဒီနေ့သွားရောက်ထောက်ပံ့နေကြတာ။ ဒီနေ့ အခုညနေမှာလည်း နောက်ထပ် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်လောက် မယူတောင်ကျော်ပြီး လာနေကြတာ တွေ့ရတယ်။ သူတို့ပြောတာက သက်ကြီးရွယ်အိုတွေ မသွားလာနိုင်လို့ တောထဲမှာ ကျန်နေသေးတယ်လို့ ပြောတယ်။ ကျနော်တို့အဖွဲ့ ကူညီဖို့ ကြိုးစားနေကြတယ်။”

စစ်အင်အားအလုံးအရင်းတိုးချဲ့လာပြီး စစ်ဆင်ရေးပြုလုပ်နေတာကြောင့် ရသေ့တောင်မြို့နယ် မယူကမ်းအနောက်ဘက်မှ ချိန်ခါလီ၊ ဒုံးပိုက်၊ ကိုးတန်ကောက်၊ အောင်ဗလ၊ ကုန်တန်း စတဲ့​ ကျေးရွာတွေက ဒေသခံဝွေဟာ မေယုတောင်ကို ကျော်ဖြတ်ပြီး မယူကမ်းအရှေ့ဘက် ကျေးရွာတွေကို ထွက်ပြေးနေကြရတာပါ။ 

စစ်ကောင်စီ စစ်ဆင်ရေးကြောင့် သြဂုတ် ၁၄ ရက်မနက်မှစပြီး မောင်တော-အငူမော် ကားလမ်းအား ပိတ်ထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013