DVB Logo
Home
မြန်မာသတင်း
ထားဝယ်ခရိုင် စစ်ဘေးရှောင်များ ဆေးဝါးအကူအညီ လိုအပ်နေ
DVB
·
August 12, 2022
ထားဝယ်ခရိုင် စစ်ဘေးရှောင်များ ဆေးဝါးအကူအညီ လိုအပ်နေ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ စစ်ဘေးရှောင်သောင်းချီရှိနေပြီး ကျန်းမာရေးအတွက် ဆေးဝါး ရဖို့ အခက်အခဲဖြစ်နေတာကြောင့် တချို့မှာ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းများမှာ လက်တလောအခြေအနေအရ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆက်စပ်ဆေးပစ္စည်းတွေ ဝယ်ယူရခက်ခဲတဲ့အပြင် တချို့ဆေးဆိုင်တွေမှာ  ဆေးဝယ်ယူတဲ့အခါ စောင့်ကြည့်ခံရတဲ့ အနေအထားမျိုး ရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီသူ တဦးက ပြောပါတယ်။

စစ်ကောင်စီက ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတဲ့အပြင် ဆက်သွယ်ရေးဖုန်းလိုင်းတွေ  ဖြတ်တောက်ထားတာကြောင့် အခုလို အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အကူအညီပေးနေသူတဦးက “ဖုန်းလိုင်းတွေဖြတ်ထားတော့  ပြင်ပအလှူရှင်တွေကို အကူအညီတောင်းပေးပေမဲ့ အလှူရှင်တွေက  အကူအညီပေးဖို့ဟာကို ဘာတွေလိုနေမှန်း မသိရဘူး။ ဒုတိယတချက်က ဆေးဝါးနဲ့  ရိက္ခာ၊ ရိက္ခာတောင် ယူသွားဖို့ခက်ခဲနေတော့ ဆေးဝါးဆို ပိုဆိုးနေတဲ့  အနေအထားမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဆေးဝါးဝယ်ယူ၊ သယ်ယူရအခက်အခဲကြောင့် ဂျာမဏီရွက် (ဒေသအခေါ် - ဘိစပ်ရွက်) ပြုတ် သောက်တာ၊ မီးပုံထဲ ငရုတ်သီး ပစ်ထည့်ပြီး ငရုတ်သီးမှိုင်းတိုက်တာစတဲ့ ရိုးရာဆေးမီးတို နည်းတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။

ဩဂုတ် ၄ ရက်က ရေဖြူမြို့နယ် ဝဇွမ်းတောရွာက စစ်ရှောင်နေတဲ့ အသက်  ၁၁ နှစ်အရွယ် မောင်နိုးနိုးလပြည့်မှာ ရုတ်တရက်အမောဖောက်လာပြီး  ဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ထားဝယ်မြို့ အရှေ့တောဒေသ မေတ္တာအလင်းမိဘမဲ့ ကလေးများ စောက်ရှောက်ရေးဂေဟာက ကလေး ၁၀ ယောက်လောက် ဖျားနာနေပြီး အစားအသောက်နဲ့  ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်အတွင်း တောင်ပျောက်တိုက်နယ် စစ်ရှောင်စခန်းမှာ လူ ၇၀၀၀ ကျော်၊  အရှေ့တောမှာ ၇၀၀ ကျော်၊ လောင်းလုံးမှာ ၄၀၀၀ ကျော်၊ ရေဖြူမှာ ၁၀၀၀ ကျော်နဲ့ ဟာမြင်းကြီးစစ်ရှောင်စခန်းမှာ ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ 

မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိတဲ့  ထားဝယ်ခရိုင်မှာ စစ်ကောင်စီက နယ်မြေစိုးမိုးရေးအတွက်  မိုးရာသီကို အခွင့်ကောင်းယူ လုပ်ဆောင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေကို  စစ်ကြောင်း ထိုး တောနင်းရှာဖွေနေတာကြောင့် ထားဝယ်ခရိုင်မှာ  စစ်ဘေးရှောင်ပြည်သူများ အရင်လထက် သိသိသာသာ  ပိုမိုများပြားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013