DVB Logo
Home
မြန်မာသတင်း
ဆယ်ဇင်း‌ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံ ၁၈ ဦးကို ကယ်ထုတ်နိုင်
DVB
·
August 9, 2022
ဆယ်ဇင်း‌ကျေးရွာတိုက်ပွဲတွင်  စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံ ၁၈ ဦးကို ကယ်ထုတ်နိုင်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတခုကို  ဩဂုတ် ၈ ရက်မနက် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေသခံရွာသား ၁၈ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတခုနဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နယ်စပ်ရှိ ရွှေပြည်မြင့်ကျေးရွာတံတားအနီးရှိ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်စခန်း နှစ်ခုကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကဖမ်းထားတဲ့ ဒေသခံတွေကို ကယ်ထုတ်ခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။

ဒေသခံတစ်ဦးက“ဝေဟုတ်ဆိုတဲ့ ရပ်ကွက်ထဲမှာ စစ်တပ်က ဖမ်းထားတဲ့သူတွေကို သွားကယ်ထုတ်ကြတော့တိုက်ပွဲဖြစ်တာပါ။ သွားကယ်ထုတ်ပြီးတော့ အဲ့စခန်းကို သိမ်းလိုက်တယ်။ ဇူလိုင်လ ၂၀ ရက်နဲ့ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ဖွဲ့က ဖမ်းထားတဲ့ ဒေသခံအမျိုးသား ၁၈ ယောက်ကိုကယ်ထုတ်နိုင်တယ်”လို့ ပြောပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ဇူလိုင် ၁၆ ရက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၁ ရက်မှာ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နိုင်ဖို့ တိုက်ပွဲ ယာယီရပ်နားခဲ့တာဖြစ်တယ်။

တိုက်ပွဲကြောင့် ဆယ်ဇင်း‌ကျေရွာသား ၂၀၀၀ ကျော်ဟာ တာမခံ၊ မိုးညှင်းနဲ့ ဟုမ္မလင်းမြို့နယ်တွေဘက်ကို စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013