ပြင်သစ်နိုင်ငံမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တောမီးဟာ ဇူလိုင် ၂၃ ရက်မှာ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းကို ရောက်ရှိလာလို့ အတ္တလန္တိတ်ကမ်းခြေမှာရှိတဲ့ ဒေသခံတွေ ရွှေ့ပြောင်းခဲ့ရပါတယ်။
ပြင်သစ်နိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးပျံ့နှံ့မှု မြန်နေပြီး အိမ်တွေ၊ စခန်းတွေ ထားပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ များလာတာ ဖြစ်ပါတယ်။
ဥရောပတိုက်မှာ အပူချိန်များပြီး မိုးခေါင်မှုတွေကြောင့် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နေတာပါ။ ရာသီဥတုပြောင်းလဲပြီး ရေပြတ်တောက်မှုကြောင့်လည်း အခုလို တောမီးတွေ အကြီးအကျယ် လောင်နေတာပါလို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ခရီးသွားတွေ အဓိကလည်ပတ်ရာ နေရာဖြစ်တဲ့ အာကတ်ရွန်ပင်လယ်အော်ဒေသ အနီးအထိ တောမီးတွေ ရောက်လာလို့ အပန်းဖြေစခန်း လာရောက်တဲ့ ခရီးသွားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
ပြင်သစ်နိုင်ငံမှာ လောင်နေတဲ့တောမီး ပျံ့နှံ့မှုက ထင်ထားတာထက် အရမ်းမြန်လွန်းတယ်လို့ လဲကတ်ဖီယက် မြို့တော်ဝန်က ပြောပါတယ်။
ဥရောပတိုက်မှာ အပူချိန်တွေ မြင့်မားလာမှုကြောင့် သစ်ပင်တွေ ခြောက်သွေ့နေပြီး ရေဓာတ် အလုံအလောက်မရှိလို့ အခုလို တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေတာပါ။
ဒါဟာ ဥရောပတိုက်ဟာ ကမ္ဘာပေါ်မှာ အပူချိန်တိုးမှု အမြန်ဆုံးတိုက် ဖြစ်လာကာ ပြီးခဲ့တဲ့ ၁၀ စုနှစ် ၂ ခုကထက် အပူချိန်ပိုတိုးလာတာပဲ ဖြစ်ပါတယ်။
Source: Reuters











