DVB Logo
Home
မြန်မာသတင်း
နွေဦးဂုရုလေးများပညာရေးစင်တာရှိ စစ်ရှောင်ကလေးများအတွက် သင်​ထောက်ကူပစ္စည်းများ လိုအပ်နေ
DVB
·
August 5, 2022
နွေဦးဂုရုလေးများပညာရေးစင်တာရှိ စစ်ရှောင်ကလေးများအတွက် သင်​ထောက်ကူပစ္စည်းများ လိုအပ်နေ
Donate to DVB

စစ်ဘေးရှောင်ကလေးတွေအတွက် ကရင်နီပြည်နယ် တနေရာမှာ ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုလေးများ ပညာရေးစင်တာမှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတာမို့ ပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ကရင်နီပြည်နယ်ကတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းခံရတဲ့၊ နေအိမ်၊ ကျေးရွာတွေကို မကြာခဏ မီးရှို့ခံရတဲ့ ဒေသတွေထဲက တခုဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်ကို စွန့်ခွာထွက်ပြေးကြရသူတွေလည်း တနေ့ထက်တနေ့ များပြားနေပါတယ်။

အဲဒီထဲမှာ နေရပ်စွန့်ခွာ စစ်ရှောင်မိသားစုတွေရဲ့ ကလေးငယ်တွေဟာလည်း ပညာရေးတပိုင်းတစ ဖြစ်လာခဲ့ပြီး အဲဒီလိုအပ်ချက်အတွက် နွေဦးဂုရုလေးများ ပညာရေးစင်တာက အဆိုပါ စစ်ရှောင်ကလေးငယ်တွေအတွက် ပညာရေးအခွင့်အလမ်းပေးနေတဲ့ ကျောင်းတကျောင်း ဖြစ်လာခဲ့တာပါ။

အဆိုပါကျောင်းကို တက်ရောက်လိုပါက ဝင်ခွင့်ဖြေဆိုရမှာ ဖြစ်တဲ့အပြင် တက်ရောက်မယ့်သူဟာ စစ်ဘေးရှောင်ဖြစ်ရမှာဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၂၂ ကြား ဖြစ်ရမှာပါ။ ဒါ့အပြင် သင်ယူလိုမှု ရှိ၊ မရှိ စတာတွေကို ကြည့်ရှုရွေးချယ်တာ ဖြစ်ပါတယ်။

နွေဦးဂုရုလေးများ ပညာရေးစင်တာမှာ မိခင်ဘာသာဖြစ်တဲ့ ကရင်နီ (ကယား) စာပေနဲ့ English 4 skills ကို အဓိကဘာသာရပ်အဖြစ် သင်ကြားပေးပြီး ဖြည့်စွက်ဘာသာရပ်အဖြစ် အနုပညာနဲ့ လက်မှုပညာ၊ သိပ္ပံနဲ့ သုတေသန အခြေခံ၊ Organic Farming (သဘာဝစိုက်ပျိုးရေး)၊ Social Study နဲ့ Learning Skill တို့ကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ကျောင်းအနေနဲ့ အပတ်စဉ် ၂ ခု သင်ကြားပေးပြီးဖြစ်လို့ ကျောင်းသား ကျောင်းသူ ၁၁၂ ယောက်ကို သင်ကြားပေးပြီးဖြစ်ကာ လာမယ့် စက်တင်ဘာ ၁ ရက်မှာတော့ အပတ်စဉ် ၃ စတင်ဖွင့်လှစ်တော့မှာမို့ လိုအပ်တဲ့ ပညာရေးသင်ထောက်ကူပစ္စည်းတွေကို အလှူခံနေကာ ကျောင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်ဖို့ ဖိတ်ခေါ်ထားတာပါ။

 လိုအပ်နေသည့် သင်ထောက်ကူပစ္စည်းများစာရင်း

၁) Eng-Myan Dictionary  - ၅၅ အုပ် ( ​ကျောင်းသားများကို တ​ယောက်တအုပ်​ပေးရန်။ အိတ်​ဆောင်အဘိဓာန်မဟုတ်ဘဲ သူ့ထက်အရွယ်နည်းနည်းကြီးပြီး စုံတာမျိုးဆိုပို​ကောင်းပါတယ်။)

၂)  Mini-Tablet အ​ဟောင်း ၂ လုံး (အဂ်လိပ်အဘိဓာန် application ထည့်ပြီး အသံထွက်အသုံးပြုရန်အတွက် စာကြည့်တိုက်တွင်ထားရန်)

၃) English Grammar in Use by Raymind Murphy -၁၀ အုပ် (5th edition ဝယ်လို့မရရင်၊  4th edition လည်းအဆင်​ပြေပါတယ်။) , Advanced Grammar in Use -၁၀ အုပ် (ကျောင်းစာကြည့်တိုက်ထားရန်နှင့် ဆရာမများအတွက်)

၄) ဘာသာပြန် ဝတ္ထုစာအုပ်၊ ကဗျာစာအုပ်များ (​မြသန်းတင့်၊ ​မောင်မိုးသူ၊ ​မောင်ထွန်းသူ၊ ​ကျော်​အောင်၊ သင့်လူ၊ ​မောင်​ဒေး)

၅) ပန်းချီအ​ခြေခံဆွဲနည်းစာအုပ်များ၊ color theory စာအုပ် ( စိတ်ကူးချိုချိုစာအုပ်တိုက်တွင် မှာလို့ရပါတယ်။)

၆) Water Color Paper -၃ ထုပ်, Sketch books -၂၀ အုပ်, Dawing Pencils- ၄၀ ​ချောင်း, Water Color- ၃ ကတ်(ပစ္စည်းပုံ​တွေပြထားပါတယ်။ ရန်ကုန် ၊ ၃၃ လမ်းအ​ပေါ်ဘ​လောက်က AKAN Art Center မှာ ဝယ်လို့ရပါတယ်၊ အွန်လိုင်က​နေမှာပို့လည်း ရပါတယ်။ ဆိုင်ရဲ့​ ဖေ့စ်ဘွတ်​ခ်ပေ့ရှိပါတယ်။)

၇) ချစ်သမီးထံသို့​ -ပါရဂူ ဘာသာပြန်သည် - အုပ် ၆၀ ( ။အဂ်လိပ်-မြန်မာ ၂မျိုးစလုံးပါသည်၊ ပန်းဆက်လမ်းစာအုပ်တိုက်မှ ထုတ်သည်။ ကျောင်းဆင်းပွဲတွင် ​ကျောင်းသားများကို လက်​ဆောင်​ပေးရန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013