DVB Logo
Home
မြန်မာသတင်း
ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာဝယ်သူများလွန်းသဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်
DVB
·
August 5, 2022
ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာဝယ်သူများလွန်းသဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်
Donate to DVB

ရန်ကုန်မြို့မှာ ဒီဇင်ဘာလဖြေဆိုရမယ့်  ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 level  လျှောက်လွှာတွေကို မနက် ၂ နာရီလောက်ကတည်းက လာရောက်တန်းစီ ဝယ်ယူသူတွေ များပြားတဲ့အတွက် အွန်လိုင်းစနစ်နဲ့သာ ရောင်းချသွားတော့မယ်လို့ Myanmar Association of Japan Alumni (MAJA) က ထုတ်ပြန်ပါတယ်။

အဆိုပါလျှောက်လွှာတွေကို  သြဂုတ် ၃ ရက်မှာ N5 level က စတင်ရောင်းချခဲ့တာဖြစ်ပြီး လူတဦးကို လျှောက်လွှာ ၂ စောင်နှုန်းနဲ့ ရောင်းချပေးနေပြီး တရက်တည်းမှာပဲ N5 level လျှောက်လွှာအစောင်ရေ ၄,၇၅၀ လုံး ရောင်းကုန်သွားခဲ့တာပါ။

ဒီနေ့ သြဂုတ် ၅ ရက်မှာ N4 level အတွက် ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ် ၈,၀၀၀ ကို ၃ ရက်ခွဲပြီး ရောင်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။

ရန်ကုန်မှ JLPT လျှောက်လွှာသွားဝယ်သူတဦးက “ဖောင်ဝယ်ဖို့ မနက်အစောကြီးကတည်းက မိုးရွာထဲ လာစောင့်တန်းစီးနေတဲ့သူတွေကို မထီမဲ့မြင်ပြုသလိုပါပဲ။ မနက် ၂ နာရီလောက်တည်းက အပြေးအလွှားနဲ့ ဖောင်ဝယ်ဖို့ လူ ၅,၀၀၀ လောက်ရှိနေတာ။ မာရှယ်လောထုတ်ထားတဲ့အချိန်၊ ခိုးဆိုးဓားပြမှုတွေ ပေါနေတာတောင် မကြောက်နိုင်ဘဲ လာကြရတာ။ ဒီနေ့ N4 အတွက် တစောင်မှ မရောင်းပေးရသေးဘဲ လူအရမ်းများလို့ မရောင်းပေးဘူးပြောတယ်။ လိုချင်တဲ့သူကတော့ များမှာပဲ၊ ကိုယ်ချင်းစာကြည့်သင့်တယ်။ ပြည်ပျက်ကြီးက ရုန်းထွက်နိုင်ဖို့ လူတွေ ဘယ်လောက်ဒုက္ခခံနေရလဲဆိုတာ” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေးမှာလည်း JLPT လျှောက်လွှာဝယ်ယူသူတွေ အဆမတန် များပြားတာကြောင့် အွန်လိုင်းစနစ်နဲ့သာ ရောင်းချပေးမယ်လို့ ထုတ်ပြန်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဂျပန်အရည်အချင်းစစ်စာမေးပွဲဟာ JLPT အပြင် Net Test၊ Top J နဲ့ တခြားစာမေးပွဲတွေလည်း ရှိပါတယ်။

MAJA နဲ့ ကျောင်းသားတွေအကြား အနည်းငယ်တင်းမာမှုတွေရှိခဲ့လို့ ရဲနဲ့ စစ်ကားတွေခေါ်ပြီး နာရီဝက်အတွင်း မပြန်ရင် ပစ်မယ်ဆိုတဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ လျှောက်လွှာ သွားရောက်ဝယ်ယူသူ ကျောင်းသားတွေဆီက သိရပါတယ်။

လျှောက်လွှာရောင်းချတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ထပ်မံကြေညာသွားမှာဖြစ်ပြီး စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ‌ကျောင်းသူကျောင်းသားတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း MAJA က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013