DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူရန် ဂျပန်လွှတ်တော်အမတ်များ တောင်းဆို
DVB
·
August 5, 2022
အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူရန် ဂျပန်လွှတ်တော်အမတ်များ တောင်းဆို
Donate to DVB

ဂျပန်အစိုးရအနေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီကို ထိရောက်ပြီး ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့  မြန်မာအရေးဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော်အမတ်များအဖွဲ့က တိုကျိုမြို့ရှိ  ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးကို ဩဂုတ် ၄  ရက်က သွားရောက် တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တဲ့အပေါ် ရှုတ်ချကြောင်း ဇူလိုင် ၂၇ ရက်က  လွှတ်တော်ကြားနာပွဲကျင်းပခဲ့ကာ စုပေါင်းထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အပါအဝင် စစ်အစိုးရအပေါ်ပြင်းထန်တဲ့ အရေးယူမှုပြုဖို့  တောင်းဆိုခဲ့တာပါ။ 

ဒီတောင်းဆိုချက်ကို နိုင်ငံခြားရေးရုံးပါလီမန် ဆိုင်ရာဒုဝန်ကြီး မီယာကီရှင်ဂိုထံ ပေးအပ်ခဲ့ပြီး အမြန်ဆုံးအရေးယူ ဆောင်ရွက်ဖို့လည်းပြောကြားခဲ့တယ်လို့လည်း မြန်မာနိုင်ငံဒီမိုက ရေစီထွန်းကားရေး လွှတ်တော်အမတ်များသမဂ္ဂ အတွင်းရေးမှူး အီရှီဘရှီမီချီဟီရိုက ပြောပါတယ်။

ပါလီမန်လွှတ်တော် ဒုတိယဝန်ကြီး  မီယာကီ ရှင်ဂိုက “ကွပ်မျက်မှုဟာ ကျနော်ကိုယ်တိုင် လက်မခံနိုင်ဘူးလို့ အလေးအနက်ထားတာမို့ ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်ကို အလေးအနက်ထား လုပ်ဆောင်ဖို့ တိုက်တွန်းပါမယ်လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကြာသည့်တိုင် မြန်မာနိုင်ငံ အခြေအနေမှာ လုံးဝ မတိုး တက်ပဲ  တနေ့တခြားပိုမို ဆိုးရွားလာတယ်၊ ဂျပန်အစိုးရရဲ့  ဆောင်ရွက်မှုကို အားမရဘူး လို့လည်း ဂျပန်လွှတ်တော်အမတ်မစ္စတာအီချီဘရှီဆိုပါါတယ်။

ဥက္ကဋ္ဌ မာရဆာဟာရူ နာကာဂါဝါ ဦးဆောင်တဲ့ မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေး လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့ဟာ နှစ်ပေါင်း ၂၀ လောက် မြန်မာ့ဒီမိုကရေစီအရေး အစဉ်တစိုက်ပါဝင် လုပ်ကိုင်နေတဲ့ အဖွဲ့ဖြစ်ပြီး  ဂျပန်အစိုးရအနေနဲ့ NUG အစိုးရကို အသိအမှတ်ပြုဆက်ဆံဖို့လည်း တိုက်တွန်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013