ယူကရိန်းနိုင်ငံဟာ ပဲ့ထိန်းဒုံးကျည်ပစ်မှတ်တွေကို ကြားဖြတ်တိုက်ခိုက်ရာမှာ အမေရိကန်ရဲ့ ပက်ထရီရော့ ဒုံးကျည်နဲ့ ဆင်တူအောင် ဒီဇိုင်းထုတ်ထားတဲ့ ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်တခုကို တည်ဆောက်နေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောလိုက်ပါတယ်။
ဇလန်းစကီးက “ကျနော်တို့ဟာ ဖရေးယာလို့ခေါ်တဲ့ ကိုယ်ပိုင်ဥရောပစီမံကိန်းကို တည်ဆောက်နေပါပြီ။ ဒီစီမံကိန်းရဲ့ အောင်မြင်မှုကို ကျနော် မျှော်လင့်ပါတယ်”လို့ X လူမှုကွန်ရက်ပေါ်ကနေ ပြောလိုက်ပါတယ်။
ဖရေးယာဟာ ပက်ထရီရော့ဒုံးကျည်စနစ်ထက် အစုလိုက် အပြုံလိုက် ထုတ်လုပ်ဖို့ ပိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာမယ်လို့လည်း သူက ပြောပါတယ်။
ယူကရိန်းဟာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရေး ကူညီပေးနိုင်တဲ့ မိတ်ဖက်နိုင်ငံတွေဆီ ဖရေးယာ စီမံကိန်းကို မကြာမီ ပေးသွားမယ်လို့လည်း ဇလန်းစကီးက ထပ်ပြောခဲ့ပါတယ်။
Source: Reuters










