DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို သတင်းပေးနေသည့် အငြိမ်းစားတပ်ကြပ်ကြီးတဦး၏ဇနီး ဖမ်းဆီးခံရ
DVB
·
July 31, 2022
စစ်ကောင်စီကို သတင်းပေးနေသည့် အငြိမ်းစားတပ်ကြပ်ကြီးတဦး၏ဇနီး ဖမ်းဆီးခံရ
Donate to DVB

လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ တယ်လီဂရမ်မှာ နိုငံရေးတက်ကြွလှုပ်ရှားနေသူတွေနဲ့ CDM ဝန်ထမ်းတွေ ဖမ်းဆီးဖို့ သတင်းပေးနေတဲ့ စစ်ကောင်စီတပ်က အငြိမ်းစားတပ်ကြပ်ကြီးတဦးရဲ့ ဇနီးဖြစ်သူအား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

တယ်လီဂရမ်မှာ Ko Kant(#KK) အမည်နဲ့ Channel ဖွင့်ထားတဲ့ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်နေ အငြိမ်းစားတပ်ကြပ်ကြီး ဇော်မင်းနိုင်ရဲ့ ဇနီး မချောစုဝင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှာ တောင်ဥက္ကလာမြို့မရဲစခန်းက  အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ လာရောက်ဖမ်းဆီးခဲ့တာလို့ ရဲအသိုက်အဝိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

“Kay ကိစွနဲ့လာဖမ်းတာ၊ NUG၊ PDF က ငွေလွှဲတာကို လက်ခံမိတယ်ဆိုပြီး ဖမ်းသွားတာ၊ ဝဋ်လည်တာလေ။ သူများတွေကို တယ်လီဂရမ်မှာ CDM ဝန်ထမ်းရော၊ FB မှာ Post တင်တဲ့သူရော ဖမ်းခိုင်းနေတာ အခုဖြစ်တော့ သူအဘလည်းမကယ်နိုင်ဘူး” လို့ ပြောပါတယ်။

တပ်ကြပ်ကြီး ဇော်မင်းနိုင်ဟာ ကာကွယ်ရေဝန်ကြီးဌာန (ငွေစာရင်းရုံး) မှ ဆေးပင်စင်နဲ့ အငြိမ်းစားယူခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် myanmar puplic pass သတင်းဌာနမှာ ကိုခန့်အမည်နဲ့ သတင်းအယ်ဒီတာ ရာထူးရယူကာ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွေ တက်ရောက်သတင်းယူနေသူတဦးလည်း ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးခံရတာကြောင့် ပြန်လည်စိစစ်ပေးဖို့ နေပြည်တော်မှာရှိနေတဲ့ ရဲချုပ်ဆီ တပ်ကြပ်ကြီးအငြိမ်းစား ဇော်မင်းနိုင်က အသနားစာတင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူက အရင်က ရေတပ်က ဘယ်လိုဖြစ်ပြီး သတင်းထောက်လည်းမလုပ်ဖူးဘဲနဲ့ အယ်ဒီတာဖြစ်သွားလဲ မသိဘူး၊ တပ်က သတင်းစာရှင်းလင်းပွဲတွေမှာ သူကိုတွေ့တော့ အံ့သြသွားတယ်” လို့ ပြောပါတယ်။

ဒီလို စစ်တပ်ကို သတင်းပေးနေသူတဦးရဲ့ ဇနီးဖြစ်သူ ဖမ်းဆီးခံရတာကြောင့် Ba Nyunt၊ Bo Talk၊ ဒလန်မောင်ဘုန်း၊ Naymin(အညတညစစ်သားအို) Channel တို့က စစ်ကောင်စီကို ပြန်လည်စဥ်းစားဖို့ အကြံပြုစာတွေ တင်နေတာကို တွေ့ရပါတယ်။

လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ တယ်လီဂရမ်မှာ စစ်ကောင်စီသတင်းပေး Channel တွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊ တပ်ကြပ်ကြီးဖိုးစည်၊Than Zin Oo၊Ba Nyunt၊ Bo Talk၊ Sitt Kell Gyi၊ တပ်ကြပ်ကြီးဖိုးကွန်း၊ Nay Min (အညတရစစ်သားအို)၊ Sadi Myint Aung၊ ဒလန်မောင်ဘုန်းတို့နဲ့အတူ Ko Kant(#KK) Channel တွေကြောင့် ဖမ်းဆီးခံရသူတွေ နဲ့ နေအိမ်ချိပ်ပိတ်ခံရသူတွေ ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013