DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် တိုက်ပွဲဖြစ်
DVB
·
July 30, 2022
ပခုက္ကူမြို့နယ်တွင် တိုက်ပွဲဖြစ်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘန်းကန်ကျေးရွာမှာ အင်အား ၃၀ ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို  ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး  ၅ ယောက် သေဆုံးခဲ့တယ်လို့ Earthquake people's defense force က တာဝန်ရှိသူက ပြောပါတယ်။ 

အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ စီစဥ်ထားတာကြာပြီဖြစ်ပေမယ့် ကျေးရွာထဲမှာ စစ်တပ်က ကင်းတွေချထားတာကြောင့် လူအင်အားလက်နက်အင်အားစုပြီးမှ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

Earthquake People's Defense Force ကတာဝန်ရှိသူတစ်ဦးက "ကျနော်တို့အဖွဲ့ သုံးဖွဲ့သွားတယ်။ သွားပြီးတော့ သူတို့ဘက်က ပွိုင့်နေရာ သုံးခု ရှိတယ်။ ဘုန်းကြီးကျောင်းရယ်၊ ဘုန်း​ကြီးကျောင်းအရှေ့က ဘန်ကာရယ်၊ စက်ကလေးကုန်းဆိုတာရယ်ရှိတာပေါ့။ ကုန်းလေးပေါ့။ အဲ့  သုံးနေရာပေါ့။ ကျနော်တို့က ရွာထဲကအိမ်တွေကနေ အရင်ဆုံးဘန်ကာကို ပစ်တာပေါ့၊ ဘန်ကာကိုပစ်တော့သူတို့ အနောက်ကိုဆုတ်သွားတယ်။ ဘန်ကာကို သိမ်းလိုက်နိုင်တယ်။ ဘုန်း​ကြီးကျောင်းထဲကို ဆက်ပစ်တော့ သူတို့ထွက်ပြေးတယ်။ စက်ကလေးကုန်းကို ထပ်ပစ်ဖို့လုပ်တော့ မြို့ထဲကစစ်ကူတွေကော၊ တခြားရွာဘက်က စစ်ကူတွေကော၊ ၆၀ မမတွေနဲ့ကော ပစ်တော့ကျနော်တို့ ဆုတ်ခဲ့ရတယ်"လို့ ပြောပါတယ်။

အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို Earthquake people's defense force နဲ့ PKU north Pdf နဲ့ Royal Defense Foce PKU တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက  လက်နက်ကြီး ၆၀ မမ သုံးချက်ပစ်ကူပေးတဲ့အပြင် တခြားစစ်ကူတွေလည်း ရောက်ရှိလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ  စစ်ကောင်စီတပ်သား နှစ်ယောက် နေရာမှာတင် သေဆုံး​ပြီး နောက်ထပ်  သုံးယောက် ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပေမဲ့ သေဆုံးအရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အနီးနားက ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013