DVB Logo
Home
မြန်မာသတင်း
မြဝတီခရိုင်တွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး
DVB
·
July 29, 2022
မြဝတီခရိုင်တွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ ရွှေအေးမြိုင်ကျေးရွာ(ဥကရစ်ထစခန်းအနီး)မှာ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီလောက်က  စစ်ကောင်စီတပ်နဲ့ အထူးကွန်မန်ဒို VENOM စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့  VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၄၄ စစ်ကြောင်း နဲ့ VENOMစ စ်ကြောင်းတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ VENOM စစ်ကြောင်းကို  လာရောက်အားဖြည့်ပေးခဲ့တဲ့ တပ်ဖွဲ့ဝင် ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ၊ VENOM စစ်ကြောင်းဘက်မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် နေ့လယ်က  စတင်ပြီး သုံးထပ်ကွေ့ အနီး သောင်ရင်းမြစ်ဘက်အခြမ်းမှာ နယ်မြေကျူးကျော်ဝင်ရောက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာ စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၂ တပ်ရင်းက  ဗိုလ်ကြီး တယောက်နဲ့ အခြားအဆင့်တယောက် သေဆုံးပြီး၊  ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားခဲ့ကြပြီး ကော်ဘရာ စစ်သည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၈ ရက်က မြဝတီ - ဝေါလေ ကားလမ်းမ၊ သုံးထပ်ကွေ့အနီးက တောင်ကြောတွေပေါ်ကို ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သလို ကော်ဘရာစစ်သည်တယောက် အသက်ပေးလှူခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013